ရန်ကုန်တိုင်းဒေသကြီး၌ နှစ်သစ်ကူးည ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၂၅ ခုနှစ်၊ဇန်နဝါရီ ၁ ရက် နံနက် ၃ နာရီထိ ညမထွက်ရအမိန့်အား တစ်ရက်တာပယ်ဖျက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ထို့ကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်သည့် အဆိုပါညမထွက်ရအမိန့်အား ခေတ္တပယ်ဖျက်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်မြိုရှိ ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူးပွဲတော်အနေဖြင့် (Count Down Party)ကို ပြုလုပ်ရန် စီစဉ်ထားခြင်းကြောင်း သိရသည်။
အဆိုပါ နှစ်သစ်ကူးပွဲတော်တွင် (Count Down Party)တွင် အဆိုတော်များ၏ တေးဂီတဖျော်ဖြေပွဲနှင့် Count Down ရေတွက်ကာ မီးရှုးမီးပန်းများ ပစ်ဖောက်မည်ဖြစ်ကြောင်း သိရသည်။
ပုံစာ – ၂၀၂၃ မှ ၂၀၂၄ ခုနှစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူးညအား ဒီဇင်ဘာ ၃၁ ရက်ညပိုင်းတွင် တွေ့ရစဉ်။