Trend

ရွှေသောင်ယံတွင် စစ်ကောင်စီတပ်အချင်းချင်း တိုက်ပွဲဖြစ်

People’s Spring ရခိုင်ပြည်နယ်၊ ဂွမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရွှေ‌သောင်ယံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် မကျီးဇင်ကျေးရွာ၌ တိုက်ပွဲဖြစ်ခဲ့ပြီးအချင်းချင်းပြန်လည်းဖမ်းဆီးမှုများဖြစ်ပွားခဲ့သည်။ ရခိုင်ပြည်နယ် ဂွမြို့နှင့် ဧရာဝတီတိုင်း ရွှေ‌သောင်ယံမြို့နယ်စပ်အနီးရှိ မကျီးဇင်ကျေးရွာတွင် ဇန် နဝါရီလ၄ရက်နေ့၌ တိုက်ပွဲဖြစ်ခဲ့ပြီး အာရက္ခတပ်တော်(AA)နှင့်စစ်ကောင်စီတိုက်ပွဲဖြစ်ပွားခြင်းဟု သတင်းများထွက်ပေါ်ခဲ့သည်။ အမှန်တကယ်တွင် ဂွမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရွှေ‌သောင်ယံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များက ပစ်ခတ်တားဆီးရာမှ အချင်းချင်းတိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု People’s Spring က စုံစမ်းသိရသည်။ “စစ်တပ်က အချင်းချင်းပစ်တာ။ သူတို့ချင်း ပစ်တဲ့အပြင်ဒေသခံတွေကိုပါ ရန်ရှာတယ်။ ဒေသခံတွေအကုန်ထွက်ပြေးရတယ်။ ရွာကဒေသခံတွေပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုလည်း စစ်တပ်ကလုယူတာတွေရှိတယ်” ဟု People’s Spring ၏ သတင်းရင်းမြစ်ကပြောသည်။ စစ်ကောင်စီက အင်အား ၁၂၀၀ ခန့်ဖြင့် ခုခံခဲ့သည့် ဂွမြို့ကိုအာရက္ခတပ်တော်( AA)ကထိုးစစ်ဆင်ပြီး […]

Trend

ရေတာရှည်မြို့နယ်တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၈ ဦး ကျဆုံး

ဇန်နဝါရီ ၅ ၊ ၂၀၂၅ ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၈ ဦး ကျဆုံးခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းနဲ့ နေပြည်တော် PDF တပ်ရင်း ၉၀၁ တို့က သတင်းထုတ်ပြန်ထားပါတယ်။ ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ရေလွှဲကျေးရွာနဲ့ ပိန္နဲပင်ကျေးရွာမှာ အခုလ ၂ ရက်နဲ့ ၃ ရက်နေ့က စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ပုဝါနီစစ်ကြောင်းက ရဲဘော် ၅ ဦးနဲ့ နေပြည်တော် PDF တပ်ရင်း ၉၀၁ က ရဲဘော် ၃ ဦး ကျဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို ပုဝါနီစစ်ကြောင်းက ထုတ်ပြန်ထားပြီး ရဲဘော် အောင်ကြီး (ခ) ဝဏ္ဏအောင်၊ ရဲဘော် […]

Trend

ကျောက်နီမော်ကျေးရွာတိုက်ပွဲ၌ခမရ(၄၀၅) တပ်ရင်းမှူးသေဆုံး

People’s Spring လောင်းလုံးမြို့နယ်၊ကျောက်နီမော်ကျေးရွာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အမှတ် (၄၀၅) ခြေမြန်တပ်ရင်း (ခမရ-၄၀၅) တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်ဖွဲဝင် ၄၀ ကျော် သေဆုံးခဲ့သည်ဟုထားဝယ်ခရိုင်တပ်ပေါင်းစုကသတင်းထုတ်ပြန်သည်။ “ဟုတ်တယ်။ တပ်ပေါင်းစုက တိုက်တာပါ။ စခန်းလည်းသိမ်းနိုင်ခဲ့တယ်။ စစ်တပ်ကတော့လေ ကြောင်းရော ရေကြောင်းရော ကုန်းလမ်းကပါ ပြန်တိုက်တယ်”ဟု ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။ ကျောက်နီမော်ကျေးရွာမှ စစ်ကောင်စီတပ်စွဲထားသည့်စခန်းများကို ဒီဇင်ဘာလ၂၃ရက်နေ့တွင် ထားဝယ်ခရိုင်တပ်ပေါင်းစုက စတင်တိုက်ခိုက်ခြင်းဖြစ်သည်။ဒေါနစစ်ကြောင်း တပ်ခွဲ-၇၊ ဖက်ဒရယ်ဓူဝံတပ်ဖွဲ့၊နွေဦးပျောက်ကြားတပ်ဖွဲ့တို့နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု ထားဝယ်ခရိုင်တပ်ပေါင်းစုကဇန်နဝါရီလ၅ရက်​နေ့၌ သတင်းထုတ်ပြန်သည်။ စစ်ကောင်စီစခန်းတခုအား သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ(၄၀၅) တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦးနှင့်အထက် သေဆုံးပြီး ခမဪ(၄၀၃)တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရသွားသည်ဟု သတင်းထုတ်ပြန်ထားသည်။ထားဝယ်ခရိုင်တပ်ပေါင်းစုမှလည်း ရဲဘော်နှစ်ဦး ကျဆုံးပြီး ရဲဘော်အချို့ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့်စခန်းကို ဒီဇင်ဘာလ ၂၇ရက်နေ့တွင် စစ်ကောင်စီက ကြည်း၊ရေ၊လေ အင်အားအများအပြားသုံးပြီး တိုက်ခိုက်လာသဖြင့် […]

Trend

HMPV ဘယ်လိုကူးစက်သလဲ၊ ဘယ်လိုကာကွယ်မလဲ

■HMPVဆိုတာ ဘာလဲလက်ရှိ တရုတ်နိုင်ငံမှာ တုပ်ကွေးနဲ့ ကိုဗစ်ဆန်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပွားစေတဲ့ Human metapneumovirus (HMPV)ကို ၂၀၀၁ ခုနှစ်တုန်းက နယ်သာလန် ဆေးသိပ္ပံ ပညာရှင်တွေက စတင် အတည်ပြု တွေ့ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကလေးတွေမှာ အမျိုးအမည် ခွဲခြားမသိတဲ့ ဗိုင်းရပ်စ် အသစ်တစ်ခုကြောင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပွားတာကို ဖော်ထုတ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ဓာတ်ခွဲ အတည်ပြုနိုင်ခဲ့တဲ့ ၂၀၀၁ ခုနှစ်မှာတောင် ဗိုင်းရပ်စ်ဟာ အသစ်ကျပ်ချွတ် မဟုတ်ဘဲ သက်တမ်း နှစ် ၆၀ ကျော်လောက် တည်ရှိနှင့်ပြီး ဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ ရှာတွေ့ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ လူသားတွေ သတိမမူမိခင် ကတည်းက HMPVဟာ အတွေ့ရများတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ […]

Trend

စစ်ကိုင်းတွင် “PDF တွေ ငါ့ကို သတ်ချင်ရင် ၁၀ နှစ်ကြိုးစား” ဟု ကြွေးကြော်ထားသည့် ရဲတပ်ကြပ်ဟောင်း၊ ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊ အလောင်းနှင့်အတူ မူးယစ်ဆေးဝါးများပါ သိမ်းဆည်းရရှိ

ဇန်နဝါရီ ၅ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် “PDF တွေ ငါ့ကို သတ်ချင်ရင် ၁၀ နှစ်ကြိုးစား” ဟု ကြွေးကြော်ထားသည့် ရဲတပ်ကြပ်ဟောင်း၊ ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကာ အလောင်းနှင့်အတူ မူးယစ်ဆေးဝါးများကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် စစ်ကိုင်းမြို့နယ်၊ မြင်းမွေးရွာတွင် နေထိုင်သော ပျူစောထီး ခေါင်းဆောင်လည်းဖြစ်၊ ရဲတပ်ကြပ်ဟောင်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ လွှမ်းမိုးနိုင် သည် ၎င်းနေအိမ်မှ ကားဖြင့် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက လမ်း တစ်နေရာ၌ ဝိုင်းဝန်း ပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း၊ သို့ရာတွင် […]

Trend

ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ ၅၃ ဦး သေဆုံး၊ ဒဏ်ရာရ နှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း အပါအဝင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော်သေဆုံး၊ စစ်တပ်နှင့်ရဲ ဘက်မှ CDM ဝင်သူ ၁၄၇၆၀ ဦးရှိ

ဇန်နဝါရီ ၅ မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင်စနစ် ချေမှုန်းတိုက်ဖျက်ရေးအတွက် ဖြစ်ပွားနေသော တော်လှန်ရေး တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ် ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ ၅၃ ဦး သေဆုံး၊ ဒဏ်ရာရ နှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း အပါအဝင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ တရားဝင် အစီရင်ခံစာ ထုတ်ပြန်သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်အသီးသီး၏ တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၉ ရက်နေ့ အထိ စစ်တပ်အရာရှိ ၃၁၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ စစ်အရာရှိ ၁၂၇ […]

General Notes Trend

၂၀၂၅ ခုနှစ် ၇ရက်သားသမီးများအတွက် တစ်နှစ်စာဟောစာတမ်း

( 2 0 2 5 ) ခု နှစ် အ တွ က် ” စနေ သား ၊ သ မီး များ ” (၁)နှစ်တာ ဟောစာတမ်း (2 0 2 5) ခုနှစ် အတွက် ” သောကြာ ” သားသမီးများ (တစ်နှစ်တာ ဟောစာတမ်း)   ( 2 0 2 5 ) ခုနှစ်အတွက် ” ကြာသပတေး ” သားသမီးများ (တစ်နှစ်တာ ဟောစာတမ်း) ( 2 0 2 5 ) ခု နှစ် […]

Trend

တရုတ်နိုင်ငံမှာ ကူးစက်မြန် ဗိုင်းရပ်စ်အသစ်တစ်မျိုး ပျံ့နှံ့

■ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံမှာ ကူးစက်မှုအလွန်မြန်တဲ့ Human Metapneumovirus (HMPV) ဗိုင်းရပ်စ် အသစ်တစ်မျိုး ပျံ့နှံ့နေတယ်လို့ အိန္ဒိယအခြေစိုက် NDTV World သတင်းမှာ ဇန်နဝါရီ ၂ ရက်နေ့က ဖော်ပြပါတယ်။ ပျံ့နှံ့မှု မြန်ဆန်လွန်းပြီး ဆေးရုံနဲ့ မီးသင်္ဂြုဟ်တဲ့ နေရာတွေမှာ လူတွေပြည့်နေတယ်လို့ လူမှုကွန်ရက်တွေမှာ ဖော်ပြကြပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဗွီဒီယိုတွေမှာလည်း ဆေးရုံတွေမှာ အဲဒီဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ ပြည့်ကျပ်နေတာ တွေ့မြင်ရပါတယ်။ ကလေးဆေးရုံတွေမှာလည်း အဆုတ်ရောင်ရောဂါနဲ့ အခြားအဆုတ်ထိခိုက်တဲ့ ရောဂါဖြစ်ပွားမှုတွေ မြင့်တက်နေတယ်လို့ NDTV World သတင်းမှာ ဖော်ပြပါတယ်။ HMPV ဗိုင်းရပ်စ်ဟာ တုပ်ကွေးနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ဆင်တူတဲ့ လက္ခဏာရှိတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ် ပြန့်ပွားမှု အခြေအနေကို ကျန်းမာရေးအရာရှိတွေက […]

Trend

နေပြည်တော်မှာ ရဲဝန်ထမ်းက ဇနီးကျောင်းဆရာမကို သေနတ်နဲ့ပစ်သတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်

ဇန်နဝါရီ ၂ – ၂၀၂၅ , SN (VOM) နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့မှာ မနေ့ ဇန်နဝါရီလ ၁ ရက်နေ့ ညနေပိုင်းက ရဲဝန်ထမ်းတယောက်က ဇနီးဖြစ်သူကို သေနတ်နဲ့ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီဖြစ်စဉ်ဟာ မနေ့ ညနေ ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လင်မယားချင်း စကားများရန်ဖြစ်ရာကနေ လူသတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “ပစ်ခတ်မှုဖြစ်ခဲ့တာ မှန်ပါတယ်။ ကိုယ်တွေလည်း ဒီမနက်ကမှ သိတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဘာပြဿနာကြောင့်ရယ်လို့တော့ တိတိကျကျ မသိရသေးပါဘူး။ သာဝတ္ထိက ဆရာမရဲ့ အမေအိမ်မှာ အခင်းဖြစ်တာ။ ပစ်ခတ်မှုဖြစ်တော့ သေသွားတဲ့ ဆရာမရဲ့ညီမလေးကိုတောင် သေနတ်ရှပ်ထိသွားတယ်ပြောတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ […]

Trend

“တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၁.၁.၂၀၂၅) မှ (၇.၁.၂၀၂၅) အထိ

“တနင်္ဂနွေ သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၁.၁.၂၀၂၅) မှ (၇.၁.၂၀၂၅) အထိ “စနေ သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၁.၁.၂၀၂၅) မှ (၇.၁.၂၀၂၅) အထိ “သောကြာ သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၁.၁.၂၀၂၅) မှ (၇.၁.၂၀၂၅) အထိ “ကြာသပတေး သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၁.၁.၂၀၂၅) မှ (၇.၁.၂၀၂၅) အထိ “ဗုဒ္ဓဟူး သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၁.၁.၂၀၂၅) မှ (၇.၁.၂၀၂၅) အထိ “အင်္ဂါ သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၁.၁.၂၀၂၅) မှ (၇.၁.၂၀၂၅) အထိ “တနင်္လာ သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၁.၁.၂၀၂၅) မှ (၇.၁.၂၀၂၅) […]