၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံကြီး၏ ကံကြမ္မာဟောကိန်း (လင်းညှို့တာရာ)
OR
၁။ အဓိကကျသော နိုင်ငံရေးအကျဉ်းသား အမြောက်အမြားလွတ်မြောက်လာပါလိမ့်မည်။ အချို့သော အကျဉ်းသားများကတော့ လွတ်မြောက်ခါနီးအကျဉ်းထောင်အတွင်းမှာပင် ကွယ်လွန်အနိစ္စရောက်ကြပေလိမ့်မည်။
၂။ ၂၀၂၅ မှာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ဆောင်ရွက်တာတွေ ရှိလာပါလိမ့်မည်။ ထိုရွေးကောက်ပွဲကြောင့် နိုင်ငံရေးအရ ရှုပ်ထွေးမှုများဖြစ်ပေါ်လာပြီး ထိုရွေးကောက်ပွဲကြောင့်ပဲ ဘက်ကွဲမှုများစွာ ဖြစ်ပေါ်လာလိမ့်မည်။
၃။ မြန်မာနိုင်ငံ အရှေ့အခြမ်းတွင် အလွန်အမင်းပြင်းထန်သော တောင်ပြိုခြင်း ၊ မြေပြိုခြင်း ၊ ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်တတ်ပြီး ၂၀၂၅ ၏ အကြီးကျယ်ဆုံးသော မြေနဲ့ပတ်သက်သော ကပ်ဘေးကြီး ဖြစ်ပေါ်တတ်ပေသည်။
၄။ အရင်နှစ်များစွာက စစ်မက်ပြင်းထန်ခဲ့သော နေရာများတွင် စစ်မက်များ ကင်းလွတ်လာပြီး စစ်မဖြစ်ခဲ့သော နေရာများတွင် စစ်ကြီးများစွာ ဖြစ်ပေါ်လာလိမ့်မည်။
၅။ ကမ္ဘာလုံးဆိုင်ရာ ဥပဒေတစ်ခုဖြင့် မြန်မာနိုင်ငံအား ထိရောက်သော တရားစီရင်မှုများ ဆောင်ရွက်ပါလိမ့်မည်။
၆။ ၂၀၂၅ သည် ၂၀၂၄ ထက် အလွန်အမင်း စစ်ဘေးသက်ရောက်မှု အများဆုံးနှစ်ဖြစ်လာလိမ့်မည်။
၇။ ရခိုင်ပြည်နယ်သည် ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာပြီး ကိုယ်ပိုင် ဥပဒေသစ်များ ကျင့်သုံးမည့် ပြည်နယ်ဖြစ်လာလိမ့်မည်။ ၂၀၂၅ တွင်ရခိုင်ပြည်နယ် နိုင်ငံခြားရေးရာရော စီးပွါးရေးရော သံခင်းတမန်ခင်းရော ပြောင်းလဲမှုအများဆုံးနှစ်ပါ။
၈။ နှစ်အတော်တန်ကြာ Speak Out လုပ်ပေးခြင်းမှလွဲပီး ဘာမှထူးထူးခြားခြား မလုပ်ပေးခဲ့သော နိုင်ငံများမှ ၂၀၂၅ မှာ သိသိသာသာ မြန်မာ့အရေးကို ပါဝင် ပတ်သက်လာပါလိမ့်မည်။
၉။ မြန်မာနိုင်ငံ ၏ ယဉ်ကျေးမှုဟု သတ်မှတ်ခံထားရသော ယဉ်ကျေးမှုအဆောက်အဦးများ ၊ နေရာဒေသများ သဘာဝကြောင့်ရော လူတို့ကြောင့်ရောအပျက်အစီးများပေလိမ့်မည်။
၁၀။ စစ်ကောင်စီ ၏ အဓိက အတွင်းပိုင်းတပ်ရင်းများအထိ အတိုက်ခိုက်ခံရမှုများပြားလာပြီး ရာထူးကြီးပိုင်းများ ဘက်ပြောင်းမှု ၊ နေရာအရွှေ့ပြောင်းခံရမှု ၊ ကွယ်လွန်အနိစ္စအရောက်များမှု ၊ အချင်းချင်း လုပ်ကြံမှု ဖြစ်ပွါးမှုများသော နှစ်တစ်နှစ်ဖြစ်လာလိမ့်မည်။
၁၁။ ၂၀၂၅ နိုင်ငံစီးပွါးရေး ၂၀၂၄ ထက် ပိုမိုကျဆင်းစေတတ်ပြီး ပြည်တွင်းလုပ်ငန်းအများအပြား ရပ်ဆိုင်းမှုများ ပိုမိုများပြားလာပေလိမ့်မည်။ ကောင်းသောလုပ်ငန်းများထက် မကောင်းသောလုပ်ငန်းများ ပိုမိုတွင်ကျယ်လာလိမ့်မည်။
၁၂။ မြန်မာနိုင်ငံရှိ နိုင်ငံရေးအရ အရေးပါသော ရာထူးအကြီးပိုင်းပုဂ္ဂိုလ်များ(ဘက်နှစ်ခုစလုံး) အနည်းဆုံး လူသုံးဦး သမရိုးကျ ကျန်းမာရေးအရေ သမရိုးကျမဟုတ်သည့် ဥပဇ္ဇေတကံအရရော ကွယ်လွန်လိမ့်မည်။
၁၃။ Online Cele ဟု လူသိများသည့် နာမည်ကြီးပုဂ္ဂိုလ်များ ကွယ်လွန်အနိစ္စရောက်ကြမည့် နှစ်တစ်နှစ်ပါ။
၁၄။ ကိုဗစ်ကဲ့သို့ ကပ်ရောဂါတစ်ခု ခံစားရတတ်သော်လည်း ကိုဗစ်လောက် အပျက်စီးဆုံးရှုံးမှု မများတတ်ပါ။
၁၅။ ဧရာဝတီတိုင်းတစ်ခုလုံးအတွက် အရမ်းရှုပ်ထွေးသော နှစ်တစ်နှစ် ဖြစ်လာပါလိမ့်မည်။
၁၆။ မြန်မာနိုင်ငံ ၏ ထိပ်တန်း ရတနာဆိုင်တစ်ခု အကြီးအကျယ် ပျက်စီးလုကိန်းအထိ ပြဿနာကြီး ဖြစ်ပွါးတတ်သည်။
==========
ဟောစတမ်းတင်တဲ့ပုံမှာ လက်တစ်ဖက်က
တစ်ချောင်းကိုင် ၊ လည်ပင်းမှာ ပုတီးဆွဲ ၊ နောက်လက်တစ်ဖက်က ခရုသင်း ကိုင်ထားတာက ၂၀၂၅ အတွက် နိမိတ်ပုံကို ပြချင်တာပါ ၊ မရဲရင်တော့ မင်းလည်းမဖြစ်ဘူး ဘာမှမဖြစ်ဘူး ၂၀၂၅ ကို ကျော်ချင်ရင်တော့
– ဘုရား တရားလုပ် ဘာသာရေးလုပ်ထား
– ကာလ ဒေသ ကို ကြည့်ပီး နေထိုင်သွားလာတတ်ရမယ်
– ဉာဏ် ဇွဲ လုံ့လ မရှိရင်တော့ ၂၀၂၅ မှာ ပြုတ်ကျလိမ့်မယ်
– ကောင်းတာထက် မကောင်းတာတွေက တိုးတက်ဖို့ရှိတာမို့ မိမိ နဲ့ မိမိတို့မိသားစု လုံခြုံရေးကို အဓိက တိုးမြှင့်ထားပါ
– ဘယ်သွားသွား ဘာစားစား အသိ သတိနဲ့နေပါ
– ၂၀၂၅ က မြန်မာပြည်တွင်းကသူတွေအတွက်တော့သာမန်နှစ်တော့မဟုတ်ဘူးပေါ့
– အရင်လိုမျိုးတော့ ဆိုးနေတဲ့နေရာတွေရဲ့ အပူတွေက ကင်းသွားပြီးတော့ ငါလည်းမဆိုင်ဘူးဆိုတဲ့ နေရာတွေက ထထပီး လောကဓံမျိုးစုံထဖြစ်မှာပဲဆိုတော့ ကြည့်နေ ကြည့်စား ကြည့်သွား ကြည့်လာပေါ့
– ဟောစတမ်းက ဘာလဲ ဆိုးတာကို ကြိုရှောင်ရအောင် ကပ်ဘေးထဲ ကိုယ်မသင့်ရအောင် ကြိုတင်ပြောပေးထားတာ
လင်းညှို့တာရာ
အချို့အချက်တွေအတွက် ရှင်းတမ်းထုတ်ပေးနိုင်လို့ ထုတ်ပေးလို့ရတာတွေကို ရှင်းတမ်းထုတ်ပေးတဲ့သဘောပါ။ ခန့်မှန်းချက်မဟုတ်ဘူးနော် နတ်တွေ နိမိတ်တွေ နဲ့ အာရုံနိမိတ်တွေကို အခြေခံပြီး မြင်ရ ကြည့်ရ ခံစားရတာကို ချပြပေးတာပါကွယ်။
နံပါတ် (၁)အချက်အတွက်ကတော့ အဓိက လို့ ဆိုထားတဲ့အတွက်ကြောင့် နာမည်ကြီးသော ပုဂ္ဂိုလ်များ (ဥပမာ – အမေစု ၊ သမ္မတကြီး ဦးဝင်းမြင့်) ၊ ကျန်ရှိနေသော အနုပညာရှင်များ (ဥပမာ – ရဲတိုက်) ၊ ကျန်ရှိနေသော အမတ်များ နှင့် နိုင်ငံရေးတွင် အတွင်းကျကျသမားများဟု သတ်မှတ်ခံထားရသော ပုဂ္ဂိုလ်များကို ဆိုလိုသည်။ သာမန်နှစ်စဉ် နှစ်တိုင်း ပေးမြဲ ပေးမည့် လွတ်ငြိမ်းများ ရှိပါအုန်းမည်။ ၂၀၂၅ ၏ လွတ်ငြိမ်းက နိုင်ငံတော်အတွက် စစ်မှုထမ်းပေးရမည်ဟုသော သတ်မှတ်ချက်လေးပါ တစ်ခါတည်း တွဲဖက်ပါလာပါလိမ့်မည်။
ယမြန်နှစ်ကလိုပင် ကွယ်လွန်အနိစ္စရောက်မည့်သူများ ရှိလာလိမ့်မည် အဓိက ပြဿနာမှာ ထင်ရှားသော အကျဉ်းထောင်ကြီးများတွင် ကပ်ဘေး(ဥပမာ – ဝမ်းရောဂါ ၊ ကိုဗစ်နောက်တစ်မျိုး) ဖြစ်ပေါ်လာနိုင်သည့်
အခြင်းအရာမျိုးကိုပါ ၊ ထောင်တွင်ရှိသော ဒိပိုစ့်ကို ကြည့်နေနိုင်မည့် ဘယ်သူမဆို ကြီးမားသော သက်ရောက်မှုမရှိအောင် ကူညီပေးစေချင်ပါတယ်။ စကစကတော့ ဘာကြီးဖြစ်နေနေ သိပ်ကြည့်ရှူမဲ့ အခြေအနေမမြင်ပါဘူး။
လင်းညှို့တာရာ