ဒီနယ်ပယ်တွေဟာ ငွေကြေးအလွယ်တကူရပြီးတော့ အဲ့လိုရနိုင်တဲ့အခြေအနေဖြစ်လာအောင်လည်း နှစ်နှင့်ချီပြီးကြိုးစားရလေ့ရှိပါတယ်။ အိမ်ခြံမြေလုပ်ငန်းဟာ ငွေကြေးဝင်လာဖို့အလွယ်ကူဆုံးလို့ဆိုနိုင်တဲ့နယ်ပယ်ပါ။ နိုင်ငံအသီးသီးမှာ နေစရာဟာ လူတွေအတွက် အရေးကြီးတာကြောင့် အခုလိုမျိုးအိမ်ခြံမြေနယ်ပယ်ဟာ ခေတ်အဆက်ဆက်မှာ ငွေရလွယ်တဲ့နယ်ပယ်ဖြစ်နေတာဖြစ်ပါတယ်။ ငွေကြေးပိုင်းဆိုင်ရာအလုပ်တွေကလည်းပဲ ငွေကြေးဝင်ဖို့လွယ်ကူတဲ့နယ်ပယ်ပါ။ ဘဏ်တွေလိုမျိုးလုပ်ငန်းတွေဖြစ်ပါတယ်။ကျန်းမာရေးနယ်ပယ်ဟာလည်း ငွေဝင်လွယ်တဲ့နယ်ပယ်ပါ။ ကမ္ဘာ့လူဦးရေသန်းပေါင်းများစွာထဲက နေမကောင်းဖြစ်နေတဲ့သူတွေဟာ အမြဲတမ်းရှိနေတာကြောင့် ဒီနယ်ပယ်ဟာဝင်ငွေအကောင်းဆုံးဖြစ်နေတာ အံ့ဩစရာတော့မကောင်းပါဘူး။ မီဒီယာနယ်ပယ်ဟာလည်း ဝင်ငွေကောင်းတဲ့နယ်ပယ်မှာပါဝင်ပါတယ်။ ပုံမှန်အားဖြင့် မီဒီယာဟာဖျော်ဖြေရေးလုပ်ငန်းတွေနှင့်ပါ ချိတ်ဆက်ထားတာကြောင့် နာမည်ရလာတာနှင့်ငွေအလွယ်တကူရနိုင်တဲ့နယ်ပယ်ဖြစ်ပါတယ်။ IT ဟာလည်း အခုနောက်ပိုင်းမှာနေရာတိုင်းမှာလိုအပ်လာတာကြောင့် အိုင်တီနယ်ပယ်ဟာလည်း ငွေကြေးအလွယ်တကူရနိုင်တဲ့နယ်ပယ်တစ်ခုဖြစ်လာပါတယ်။ Credit to Original Writer
General Notes
ခြေညှိုးက ခြေမထက်ရှည်တဲ့ သူတွေ ဖတ်ကြည့်ကြပါ
ခြေညှိုးဟာ ခြေမထက်ရှည်တဲ့သူတွေတော်တော်များများရှိပါလိမ့်မယ်။အဲလိုလူတွေရဲ့ ဖြစ်တတ်တဲ့စိတ်သဘောထားတွေကို တင်ပြပေးလိုက်ပါတယ်။ သူတို့မှာ ကောင်းတဲ့အချက်တွေအများကြီးရှိနေပါတယ်။ယောကျားလေးပဲဖြစ်ဖြစ်၊မိန်းကလေးပဲဖြစ်ဖြစ် သူတို့လိုလူတွေကိုတွေ့ရင်တော့ လက်မလွတ်လိုက်ပါနဲ့။သူတို့ဟာ ချစ်ပြီဆိုလဲ သူများနဲ့မတူသလို မုန်းပြီဆိုလဲ လှည့်ကြည့်တတ်သူတွေမဟုတ်ပါဘူး။ ခြေညှိုးက ခြေမထက်ရှည်နေတဲ့ သူဟာ … ၁။ အချစ်ကြီးတယ် အစွဲအလမ်းကြီး ခံစားလွယ်တယ်။ ၂။ အငြိုးကြီးတယ် ရန်ငြိုးထားတတ််တယ်။ ၃။ ချစ်သူကိုဦးစားပေးတယ် ချစ်သူကိုလည်း အနိူင်ယူတယ်။ ၄။ ချစ်ပြီဆို ဘယ်လိုတားတား ဇွတ်ချစ်တယ် မုန်းပြီးဆို လုံးဝလှည့်မကြည့်ဘူး။ ၅။ စကားပြောတည်တယ် ခင်သွားရင် ပေါတောတောလုပ်တတ်တယ်။ ၆။ အိမ်မှာ ဘုရင် အပေါင်းအသင်းကြား သူမပါမပြီး။ ၇။ သူများအားမကိုးတတ်ဘူး အကူအညီယူပြီးရင်လည်း ကျေးဇူးဆပ်ဖို့မမေ့တတ်ဘူး။ ၈။ လူချစ်လူခင်ပေါသလို မနာလိုသူလည်း ပေါများတယ်။ ၉။ ရည်ရွယ်ချက်ကြီးတယ် လုပ်ချင်တာကို ကြိုးစားလုပ်တတ်တယ်။ ၁၀။ […]
၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံကြီး၏ ကံကြမ္မာဟောကိန်း (လင်းညှို့တာရာ)
၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံကြီး၏ ကံကြမ္မာဟောကိန်း (လင်းညှို့တာရာ) OR ၁။ အဓိကကျသော နိုင်ငံရေးအကျဉ်းသား အမြောက်အမြားလွတ်မြောက်လာပါလိမ့်မည်။ အချို့သော အကျဉ်းသားများကတော့ လွတ်မြောက်ခါနီးအကျဉ်းထောင်အတွင်းမှာပင် ကွယ်လွန်အနိစ္စရောက်ကြပေလိမ့်မည်။ ၂။ ၂၀၂၅ မှာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ဆောင်ရွက်တာတွေ ရှိလာပါလိမ့်မည်။ ထိုရွေးကောက်ပွဲကြောင့် နိုင်ငံရေးအရ ရှုပ်ထွေးမှုများဖြစ်ပေါ်လာပြီး ထိုရွေးကောက်ပွဲကြောင့်ပဲ ဘက်ကွဲမှုများစွာ ဖြစ်ပေါ်လာလိမ့်မည်။ ၃။ မြန်မာနိုင်ငံ အရှေ့အခြမ်းတွင် အလွန်အမင်းပြင်းထန်သော တောင်ပြိုခြင်း ၊ မြေပြိုခြင်း ၊ ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်တတ်ပြီး ၂၀၂၅ ၏ အကြီးကျယ်ဆုံးသော မြေနဲ့ပတ်သက်သော ကပ်ဘေးကြီး ဖြစ်ပေါ်တတ်ပေသည်။ ၄။ အရင်နှစ်များစွာက စစ်မက်ပြင်းထန်ခဲ့သော နေရာများတွင် စစ်မက်များ ကင်းလွတ်လာပြီး စစ်မဖြစ်ခဲ့သော နေရာများတွင် စစ်ကြီးများစွာ ဖြစ်ပေါ်လာလိမ့်မည်။ ၅။ ကမ္ဘာလုံးဆိုင်ရာ […]
လာဘ်ပိတ်ပြီး စိတ်ညစ်နေသူ၊ ငွေကံမပွင့်သူများ ဆောင်ရွက်ရန် ဒါနအဓိဋ္ဌာန်
လာဘ်ပိတ်ပြီး စိတ်ညစ်နေသူ၊ ငွေကံမပွင့်သူများ ဆောင်ရွက်ရန် ဒါနအဓိဋ္ဌာန် သစ်တံခါးဆရာတော် * ငွေကံမပွင့် လာဘ်လာဘတွေ ပိတ်ဆို့နေပါက လုပ်သမျှ မအောင်မြင်ဖြစ်နေပါက မိမိတို့စားမည့်ဆန်အိုးထဲမှ အနည်းငယ်မျှသောဆန်ကို ယူပြီး မြေကွက်လပ်နေရာတစ်ခု စီစဉ်ပြီး စာကလေးတွေကို အစာကျွေးပါ။ အာရုံထားပုံ စိတ်ထဲမှနေပြီး ယခုဒါနပြုခြင်းသည် မိမိတို့စားမည်ဖြစ်သောဆန်အိုးထဲမှ၊ ဆန်အိတ်ထဲမှ ခွဲဝေ၍ ဒါနပြုခြင်း၊ အလှူဒါနပြုခြင်း ဖြစ်ပါ၏။ ဤမှန်သော သစ္စာကစားတော်ကြောင့် စီးပွားကျ စိတ်ညစ်နေရပြီး ပိတ်ဆို့နေသော လာဘ်လာဘများ ပွင့်ပါစေ၊ လာဘ်လာဘတွေ ရွှင်ပါစေ၊ ငွေဝင်ပါစေ၊ စိတ်မှ ရည်မှန်းပါ။ ယခုလာရောက်၍ သုံးဆောင် စားသုံးကြသော စာကလေး၊ ခို၊ ကျီးငှက်ကလေးတွေ ဝမ်းသာပီတိဖြစ်ကာ စားသုံးနိုင်၊ ပျော်ရွှင်နိုင်သလို ပျော်ရွှင်ရပါလို၏။ သုံးဆောင်ရပါလို၏။ ဒါနအကျိုး ဆက်၍ တိုးပွားကာ ဆောင်ရွက်နိုင်ရပါလို၏ဟု […]
အကြွေး နွံနစ်နေသူတွေ အတွက် ဆရာကြီးမင်းသိင်္ခ ရဲ့ အကြွေး အမြန်ဆပ်နိုင် စေမယ့် “ယတြာ”
အကြွေး များနေသူများ အကြွေး အမြန်ဆပ်နိုင် အောင် ယတြာ စီးပွားရေး လုပ်သလောက် အဆင်မပြေ၊ ကျိုးစား သလောက် အရာမထင်သူများလဲ လုပ်နိုင်ပါတယ်။ လုပ်နည်းလေးက မခက်ခဲတာကြောင့် ပြန်လည်မျှဝေခြင်းပါ။ သင်၏ အသက်ကို (၄)ဖြင့် မြှောက်ပါ။ ရသော အရေအတွက် ကို မုန့်လုံးရေပေါ် လုပ်ပါ။ ထိုအထဲမှ မုန့်လုံး ရေပေါ်(၁၀)လုံးကို နံနက်(၁၀)နာရီ တိတိတွင် အိမ်၏ ဘုရားတွင်လှူပါ။ သင်၏ အသက်ကို (၇)ဖြင့်စားပါ။ ၁ ကြွင်းလျှင် တနင်္ဂနွေနေ့တွင် ပြု လုပ်ပါ။ ၂ ကြွင်း လျှင် တနင်္လာနေ့တွင် ပြုလုပ်ပါ။ ၃ ကြွင်းလျှင် အင်္ဂါနေ့ တွင် ပြုလုပ်ပါ။ ၄ ကြွင်းလျှင် ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ပါ။ ၅ […]
ငွေကြေးအခက်အခဲများ အမြန်ဆုံး ပြေလည်စေမည့် ယတြာ
💰ငွေလိုချင်ရင် ငွေဖြစ်ရမယ်💰 ငွေရေးကြေးရေး ကိစ္စနဲ့ ပက်သက်ပြီး အမြဲတမ်း အဆင်ပြေနေချင်သူများ၊ သူတစ်ပါးကို ပေးရမယ့် ကြွေးပူတွေ အမြန်ဆုံး ကြေချင်သူများအတွက် ယတြာအစီအရင်ကောင်းလေးတစ်ခုကို ခုနှစ်နေ့သားသမီးများအတွက် မန္တလေးမြို့မှ နက္ခတ္တဗေဒ အင်္ဂဝိဇ္ဇာ ပညာရှင် ဆရာကျော်ဝေယံ မှ စေတနာဖြင့် ရေးသားတင်ပြပေးလိုက်ပါပြီ။ ယုံယုံကြည်ကြည်ဆောင်ရွက်ပါက အကျိုးထူးများရရှိလာမည်မှာ မလွဲဧကန်ပင်… 💢 မုန်တိုင်းကျပြီဆို ခြေထောက်အောက်က သဲတောင်မှ ခေါင်းပေါ်ရောက်လာတတ်ပါတယ်။ ကံဆိုးမိုးမှောင်ကျပြီဆိုရင်လည်း အခြေအနေတွေအားလုံး ကမောက်ကမနဲ့ ပြောင်းပြန်ဇောက်ထိုးဖြစ်တတ်ပါတယ်။ 💢 ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကြိုးစားရုန်းကန်နေတာတောင် အနေစုတ် အခြေစုတ်နဲ့ အဖြေထုတ်မရ ဖြစ်နေသူများ ယခုယတြာကို စမ်းကြည့်ပါလေ… 💢 ယတြာကောင်းရင် မင်းလောင်းဖြစ်သတဲ့… 💢 ဆေးကောင်းတော့တစ်ခွက်၊ အင်းကောင်းတော့ တစ်ကွက်၊ ယတြာကောင်းတော့ တစ်သက်တဲ့… 💢 […]
ထီပေါက်တော့မယ်ဆို နိမိတ်ပြ လေ့ ရှိတဲ့ အိမ်မက်အချို့ (ဆရာကြီး မင်းသိင်္ခ)
ထီပေါက်စေ တဲ့ နိမိတ်ပြ အိမ်မက် အိပ်မက်ကို လူတိုင်းမြင်မက် ပါတယ်။ အိပ်တာ နဲ့ မက်တဲ့ အိပ်မက်မျိုးက သွေးလေချောက်ချားပြီး မက်တဲ့ အိပ်မက်၊ ရှေးယခင်က ခံစားဖူးတာ ကို အကြောင်းပြုပြီး မက်တဲ့ အိပ်မက်၊ နတ်ဆိုးနတ်ဝါးတွေ လှည့်စားလို့မက်တဲ့ အိပ်မက်ဆိုးရယ် ဟူရယ် အိပ်မက် သုံးမျိုးရှိပါတယ်။ မိမိတို့ အိပ်မက်၏ကောင်းကျိုး ဆိုးကျိုးကို ကြိုတင်၍ သတိ မထားသည့် အတွက် အကျိုး ခံစားသင့်သော အရာများ လွဲချော်သွားသည်လည်း ရှိပါတယ်။ ဒါကြောင့် အဘဆရာကြီး မင်းသိင်္ခပြောကြားခဲ့တဲ့ ထီပေါက်စေ တဲ့ နိမိတ်ပြ အိမ်မက်အချို့ကို ဗေဒင်ချစ်ပရိသတ်ကြီး သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ နွားကိုစီး၍ မြို့ရွာသို့ လှည့်လည်ရသည်ဟု မြင်မက်သော်လည်းကောင်း၊ လူစည်ကားသောအရပ်တွင် မိမိက နွားကိုစီး၍ […]
လာဘ်တွေဝင်နေလို့ ငိုတောင်ငိုသွားရမယ်
” လာဘ်လာဘအရာမှာ ဧတဂ်ရသော ရှင်သီဝလိကိုယ်တော်မြတ်ကို မြင်သည့် ရက်ပေါင်း ၁၂ ရက်အတွင်း လာဘ်လာဘတွေ အထူးဝင်ပြီ ရှယ်သွားကြလေ “ ကဲ အရင်ဆုံး စိတ်ကြည်ကြည်ထား ၊ ဒေါသထွက်စေအောင် ပတ်ဝန်းကျင်က မကောင်းသောအင်အားစုတွေက တွန်းပို့ပေးလိမ့်မယ် ၊ စိတ်အကြည်ဓာတ်ပျက်တာနဲ့ လာဘ်ပိတ်စေတာပဲဗျ။ မျက်လုံးလေးမှိတ် စိတ်ထဲမှာ အပျော်ရွှင်ဆုံးတွေကိုပဲ တွေးနေလိုက် အသက်ရှူသွင်းရှူထုတ်လုပ် ကဲ စိတ်ကြည်ပြီလား။ အဲ့ဆို အောက်ပါဂါထာလေးကိုရွတ် (၆၃)ခေါက်ရွတ်နော်။ ” သီဝလိစ မဟာထေရော ၊ ဒေဝမနုဿပူဇိတော ၊ သော ရဟော ပစ္စယာဒိနံ ၊ မဟာလာဘံ ကရောတု မေ ။ “ ပြီးရင် ဒီစာလေးကို (၁၀၈)ခေါက်ရွတ်ဗျာ။ ” အစောင့်အရှောက် နတ်ပုဂ္ဂိုလ်တို့၏ ပူဇော်သော […]
အိမ်မြောင်တွေနဲ့ စုတ်ထိုးတာနဲ့ ပက်သတ်ပြီး သိသင့်သော ဗဟုသုတများ
အိမ်မြောင်ဆိုတဲ့ တွားသွားသတ္တဝါငယ်ဟာ နေအိမ်တော်တော်များများမှာ ရှိနေတတ်တဲ့ တိရစ္ဆာန်ငယ်လေးဖြစ်ပါတယ်။အိမ်မြောင်စုတ်ထိုးသံကြားရတဲ့အခါ အများစုက မသိသလိုပဲနေတတ်ကြပါတယ်။တစ်ချို့ကတော့ အိမ်မြောင်စုတ်ထိုးရာမှာ စုတ်ထိုးတဲ့နေရာအပေါ်မူတည်ပြီး နိမိတ်ပြတာဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါဟာ မြန်မာတစ်နိုင်ငံတည်းမဟုတ်ပါဘူး။ အရှေ့တောင်အာရှနိုင်ငံတော်တော်များများကလည်း ဒီလိုပဲယုံကြည်ထားကြပါတယ်။ဖိလစ်ပိုင်မှာတော့ အိမ်မြောင်စုတ်ထိုးသံကြားရပြီဆိုရင် အန္တရာယ်များတဲ့ လူ ဒါမှမဟုတ် စာရောက်လာတတ်တယ်လို့ ယုံကြည်ကြပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း အိမ်မြောင်ရဲ့အသံပြုသံ အသံပြုတဲ့နေရာပေါ်မူတည်ပြီးကံဆိုးခြင်းနိမိတ် ကံကောင်းခြင်းနိမိတ်ကိုခွဲခြားနိုင်တယ်လို့ ရှေးရာစုနှစ်ပေါင်းများစွာကတည်းက ယုံကြည်ထားကြပါတယ်။ဒီယုံကြည်မှုဟာ အိန္ဒိယအပြင် ဘင်္ဂလားဒေ့ရှ် နီပေါစတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာပါ တည်ရှိနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အိမ်မြောင်စုတ်ထိုးသံနဲ့ပတ်သတ်ပြီး အတိတ်နမိတ်ကောက်တာတွေရှိကြပါတယ်။လူနဲ့ နတ်တို့ရဲ့ဆက်သွယ်ရေး အချက်ပြ သင်္ကေတဖြစ်တယ်လို့ မဟာဗောဓိမြိုင်ဆရာတော်ကြီးက ဟောကြားထားပါတယ်။အရှေ့တောင်အာရှနိုင်ငံအချို့မှာ သတ်မှတ်ထားသလိုပဲ မြန်မာနိုင်ငံမှာလည်း အိမ်မြောင်စုတ်ထိုးရာအရပ်ကိုမူတည်ပြီး ကောင်းခြင်းဆိုးခြင်းနိမိတ်ကို သတ်မှတ်ထားကြပါတယ်။ ဒီအကြောင်းလေးကို ပရိသတ်ကြီးဗဟုသုတရစေဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အရှေ့အရပ်မှ အိမ်မြောင်စုတ်ထိုးရင် ရွေငွေ လက်ဝတ်ရတနာ ဝင်ကိန်းရှိပြီးအနောက်အရပ်မှစုပ်ထိုးလျှင်သူခိုးသူဝှက် ရန်သူမျိုးငါးပါး ဘေးတွေ့ကြုံလိမ့်မယ်လို့ […]