Trend

ရွှေသောင်ယံတွင် စစ်ကောင်စီတပ်အချင်းချင်း တိုက်ပွဲဖြစ်

People’s Spring
ရခိုင်ပြည်နယ်၊ ဂွမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရွှေ‌သောင်ယံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် မကျီးဇင်ကျေးရွာ၌ တိုက်ပွဲဖြစ်ခဲ့ပြီးအချင်းချင်းပြန်လည်းဖမ်းဆီးမှုများဖြစ်ပွားခဲ့သည်။
ရခိုင်ပြည်နယ် ဂွမြို့နှင့် ဧရာဝတီတိုင်း ရွှေ‌သောင်ယံမြို့နယ်စပ်အနီးရှိ မကျီးဇင်ကျေးရွာတွင် ဇန်
နဝါရီလ၄ရက်နေ့၌ တိုက်ပွဲဖြစ်ခဲ့ပြီး အာရက္ခတပ်တော်(AA)နှင့်စစ်ကောင်စီတိုက်ပွဲဖြစ်ပွားခြင်းဟု သတင်းများထွက်ပေါ်ခဲ့သည်။
အမှန်တကယ်တွင် ဂွမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရွှေ‌သောင်ယံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များက ပစ်ခတ်တားဆီးရာမှ အချင်းချင်းတိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု People’s Spring က စုံစမ်းသိရသည်။
“စစ်တပ်က အချင်းချင်းပစ်တာ။ သူတို့ချင်း ပစ်တဲ့အပြင်ဒေသခံတွေကိုပါ ရန်ရှာတယ်။ ဒေသခံတွေအကုန်ထွက်ပြေးရတယ်။ ရွာကဒေသခံတွေပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုလည်း စစ်တပ်ကလုယူတာတွေရှိတယ်” ဟု People’s Spring ၏ သတင်းရင်းမြစ်ကပြောသည်။
စစ်ကောင်စီက အင်အား ၁၂၀၀ ခန့်ဖြင့် ခုခံခဲ့သည့် ဂွမြို့ကိုအာရက္ခတပ်တော်( AA)ကထိုးစစ်ဆင်ပြီး အပြီးသတ်သိမ်းပိုက်ရရှိကြောင်း ဒီဇင်ဘာလ၂၉ရက်နေ့တွင် ကြေညာခဲ့သည်။ဂွမြို့ ထိုးစစ်အစမှ အဆုံးအထိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ထက်မနည်း သေဆုံးနိုင်ကြောင်း မြေပြင်အလောင်းများ၊ ဖမ်းဆီးရမိသုံ့ပန်းများ၏ ထွက်ဆိုချက်၊ သိမ်းဆည်းရမိ စာရွက်စာတမ်းများအရ သိရှိရသည်ဟု AAက သတင်းထုတ်ပြန်ခဲ့သည်။
တိုက်ပွဲမှထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဘက်သို့ ဝင်ရောက်
လာစဉ် ကြိုတင်ခံစစ်ပြင်ထား​သော စစ်သားများက တားဆီးခဲ့ပြီး ပစ်ခတ်ဖမ်းဆီးမှုများရှိနေသည်ဟု သတင်းရရှိသည်။
“သူတို့ဖမ်းထားတဲ့သူတွေကို ရွှေ သောင်ယံရိပ်သာမှာထားတာ။ လွတ်သွားတဲ့သူတွေကိုလိုက်ရှာရင်း ဒေသခံတွေရဲ့ အိမ်တွေကို ဖျက်ဆီးတာတွေလုပ်တယ်။ အိမ်ပေါ်တက်ပြီးဆန်အိတ်တွေကိုဓါးနဲ့ခွဲတယ်။ နွားလှည်းတွေကိုဖျက်ဆီးပစ်တယ်”ဟု အဆိုပါ ဖြစ်စဉ်ကိုသိရှိထားသူတစ်ဦးကပြော
သည်။
ဂွမြို့နှင့် ရွှေသောင်ယံမြို့နယ်သည် ကျောက်ချွန်ရွာခြားလျက်တည်ရှိသည်။ ဂွမြို့ဘက်မှထွက်ပြေးလာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရွှေသောင်ယံမြို့နယ် မကျီးဇင်အုပ်စုအတွင်း ပေါက်လှချိုင်၊ ကုလားချောင်း၊ ပေါက်တူးကွင်း၊ ချောင်းဝချိုင်ရွာတို့တွင် စစ်ကောင်စီကလိုက်လံရှာဖွေနေသည်။
ထို့အပြင် စစ်ကောင်စီသည် AAထိုးစစ်ကို ခုခံရန်ရွှေသောင်ယံမြို့တွင် ခံစစ်ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။
ရွှေသောင်ယံမြို့နယ်သည် ပုသိမ်မြို့နယ်အတွင်းပါဝင်ပြီး ဘင်္ဂလားပင်လယ်အော်နှင့်ထိစပ်နေ
သည်။ လှပသည့်ကမ်းခြေရှိ၍ ရွှေသောင်ယံကမ်း‌ခြေအဖြစ်လူသိများသည်။ ရခိုင်-ဧရာဝတီကမ်းခြေပတ်လမ်းဖြတ်သွားသည့်မြို့နယ်လည်းဖြစ်သည်။ ၂၀၁၈ခုနှစ်က စစ်တပ် ကြည်း၊ရေ၊လေ ပူးပေါင်း စစ်‌‌ ရေးလေကျင့်မှု ပြုလုပ်ခဲ့သည့်ကမ်းခြေဖြစ်သည်။ ဂွမြို့နှင့် ကပ်လျက်ရှ်ိသော နေရာတွင် အင်အား ထောင်ချီသုံး၍ ကြည်း၊ရေ၊လေ ပူးပေါင်း စစ်‌‌ ရေးလေကျင့်ခဲ့သော်လည်း စစ်ကောင်စီသည် AA၏ ထိုးစစ်ကိုအရှုံးပေးခဲ့ရပြီးဂွမြို့ကိုပါ လက်လွတ်ဆုံးရှုံးထားသည်။ထိုအပြင် အာရက္ခတပ်​​​တော် ဧရာဝတီတိုင်းဝင်လာမည်စိုး၍ခံစစ်ပြင်​နေရပြီဖြစ်သည်။
(စစ်​ကောင်စီတပ်ဖွဲ့ဝင်များ(ပုံ​ဟောင်း) / ​ရွှေ​သောင်ယံနှင့် ဂွမြို့နယ်အနီးဝန်းကျင်ကို Google Earth တွင်​တွေ့ရမှု )

Leave a Reply

Your email address will not be published. Required fields are marked *