People’s Spring ရခိုင်ပြည်နယ်၊ ဂွမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရွှေသောင်ယံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် မကျီးဇင်ကျေးရွာ၌ တိုက်ပွဲဖြစ်ခဲ့ပြီးအချင်းချင်းပြန်လည်းဖမ်းဆီးမှုများဖြစ်ပွားခဲ့သည်။ ရခိုင်ပြည်နယ် ဂွမြို့နှင့် ဧရာဝတီတိုင်း ရွှေသောင်ယံမြို့နယ်စပ်အနီးရှိ မကျီးဇင်ကျေးရွာတွင် ဇန် နဝါရီလ၄ရက်နေ့၌ တိုက်ပွဲဖြစ်ခဲ့ပြီး အာရက္ခတပ်တော်(AA)နှင့်စစ်ကောင်စီတိုက်ပွဲဖြစ်ပွားခြင်းဟု သတင်းများထွက်ပေါ်ခဲ့သည်။ အမှန်တကယ်တွင် ဂွမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရွှေသောင်ယံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များက ပစ်ခတ်တားဆီးရာမှ အချင်းချင်းတိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု People’s Spring က စုံစမ်းသိရသည်။ “စစ်တပ်က အချင်းချင်းပစ်တာ။ သူတို့ချင်း ပစ်တဲ့အပြင်ဒေသခံတွေကိုပါ ရန်ရှာတယ်။ ဒေသခံတွေအကုန်ထွက်ပြေးရတယ်။ ရွာကဒေသခံတွေပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုလည်း စစ်တပ်ကလုယူတာတွေရှိတယ်” ဟု People’s Spring ၏ သတင်းရင်းမြစ်ကပြောသည်။ စစ်ကောင်စီက အင်အား ၁၂၀၀ ခန့်ဖြင့် ခုခံခဲ့သည့် ဂွမြို့ကိုအာရက္ခတပ်တော်( AA)ကထိုးစစ်ဆင်ပြီး […]
ရေတာရှည်မြို့နယ်တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၈ ဦး ကျဆုံး
ဇန်နဝါရီ ၅ ၊ ၂၀၂၅ ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၈ ဦး ကျဆုံးခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းနဲ့ နေပြည်တော် PDF တပ်ရင်း ၉၀၁ တို့က သတင်းထုတ်ပြန်ထားပါတယ်။ ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ရေလွှဲကျေးရွာနဲ့ ပိန္နဲပင်ကျေးရွာမှာ အခုလ ၂ ရက်နဲ့ ၃ ရက်နေ့က စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ပုဝါနီစစ်ကြောင်းက ရဲဘော် ၅ ဦးနဲ့ နေပြည်တော် PDF တပ်ရင်း ၉၀၁ က ရဲဘော် ၃ ဦး ကျဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို ပုဝါနီစစ်ကြောင်းက ထုတ်ပြန်ထားပြီး ရဲဘော် အောင်ကြီး (ခ) ဝဏ္ဏအောင်၊ ရဲဘော် […]
ကျောက်နီမော်ကျေးရွာတိုက်ပွဲ၌ခမရ(၄၀၅) တပ်ရင်းမှူးသေဆုံး
People’s Spring လောင်းလုံးမြို့နယ်၊ကျောက်နီမော်ကျေးရွာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အမှတ် (၄၀၅) ခြေမြန်တပ်ရင်း (ခမရ-၄၀၅) တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်ဖွဲဝင် ၄၀ ကျော် သေဆုံးခဲ့သည်ဟုထားဝယ်ခရိုင်တပ်ပေါင်းစုကသတင်းထုတ်ပြန်သည်။ “ဟုတ်တယ်။ တပ်ပေါင်းစုက တိုက်တာပါ။ စခန်းလည်းသိမ်းနိုင်ခဲ့တယ်။ စစ်တပ်ကတော့လေ ကြောင်းရော ရေကြောင်းရော ကုန်းလမ်းကပါ ပြန်တိုက်တယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။ ကျောက်နီမော်ကျေးရွာမှ စစ်ကောင်စီတပ်စွဲထားသည့်စခန်းများကို ဒီဇင်ဘာလ၂၃ရက်နေ့တွင် ထားဝယ်ခရိုင်တပ်ပေါင်းစုက စတင်တိုက်ခိုက်ခြင်းဖြစ်သည်။ဒေါနစစ်ကြောင်း တပ်ခွဲ-၇၊ ဖက်ဒရယ်ဓူဝံတပ်ဖွဲ့၊နွေဦးပျောက်ကြားတပ်ဖွဲ့တို့နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု ထားဝယ်ခရိုင်တပ်ပေါင်းစုကဇန်နဝါရီလ၅ရက်နေ့၌ သတင်းထုတ်ပြန်သည်။ စစ်ကောင်စီစခန်းတခုအား သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ(၄၀၅) တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦးနှင့်အထက် သေဆုံးပြီး ခမဪ(၄၀၃)တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရသွားသည်ဟု သတင်းထုတ်ပြန်ထားသည်။ထားဝယ်ခရိုင်တပ်ပေါင်းစုမှလည်း ရဲဘော်နှစ်ဦး ကျဆုံးပြီး ရဲဘော်အချို့ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့်စခန်းကို ဒီဇင်ဘာလ ၂၇ရက်နေ့တွင် စစ်ကောင်စီက ကြည်း၊ရေ၊လေ အင်အားအများအပြားသုံးပြီး တိုက်ခိုက်လာသဖြင့် […]
HMPV ဘယ်လိုကူးစက်သလဲ၊ ဘယ်လိုကာကွယ်မလဲ
■HMPVဆိုတာ ဘာလဲလက်ရှိ တရုတ်နိုင်ငံမှာ တုပ်ကွေးနဲ့ ကိုဗစ်ဆန်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပွားစေတဲ့ Human metapneumovirus (HMPV)ကို ၂၀၀၁ ခုနှစ်တုန်းက နယ်သာလန် ဆေးသိပ္ပံ ပညာရှင်တွေက စတင် အတည်ပြု တွေ့ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကလေးတွေမှာ အမျိုးအမည် ခွဲခြားမသိတဲ့ ဗိုင်းရပ်စ် အသစ်တစ်ခုကြောင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပွားတာကို ဖော်ထုတ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ဓာတ်ခွဲ အတည်ပြုနိုင်ခဲ့တဲ့ ၂၀၀၁ ခုနှစ်မှာတောင် ဗိုင်းရပ်စ်ဟာ အသစ်ကျပ်ချွတ် မဟုတ်ဘဲ သက်တမ်း နှစ် ၆၀ ကျော်လောက် တည်ရှိနှင့်ပြီး ဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ ရှာတွေ့ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ လူသားတွေ သတိမမူမိခင် ကတည်းက HMPVဟာ အတွေ့ရများတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ […]
စစ်ကိုင်းတွင် “PDF တွေ ငါ့ကို သတ်ချင်ရင် ၁၀ နှစ်ကြိုးစား” ဟု ကြွေးကြော်ထားသည့် ရဲတပ်ကြပ်ဟောင်း၊ ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊ အလောင်းနှင့်အတူ မူးယစ်ဆေးဝါးများပါ သိမ်းဆည်းရရှိ
ဇန်နဝါရီ ၅ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် “PDF တွေ ငါ့ကို သတ်ချင်ရင် ၁၀ နှစ်ကြိုးစား” ဟု ကြွေးကြော်ထားသည့် ရဲတပ်ကြပ်ဟောင်း၊ ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကာ အလောင်းနှင့်အတူ မူးယစ်ဆေးဝါးများကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် စစ်ကိုင်းမြို့နယ်၊ မြင်းမွေးရွာတွင် နေထိုင်သော ပျူစောထီး ခေါင်းဆောင်လည်းဖြစ်၊ ရဲတပ်ကြပ်ဟောင်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ လွှမ်းမိုးနိုင် သည် ၎င်းနေအိမ်မှ ကားဖြင့် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက လမ်း တစ်နေရာ၌ ဝိုင်းဝန်း ပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း၊ သို့ရာတွင် […]
ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ ၅၃ ဦး သေဆုံး၊ ဒဏ်ရာရ နှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း အပါအဝင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော်သေဆုံး၊ စစ်တပ်နှင့်ရဲ ဘက်မှ CDM ဝင်သူ ၁၄၇၆၀ ဦးရှိ
ဇန်နဝါရီ ၅ မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင်စနစ် ချေမှုန်းတိုက်ဖျက်ရေးအတွက် ဖြစ်ပွားနေသော တော်လှန်ရေး တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ် ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ ၅၃ ဦး သေဆုံး၊ ဒဏ်ရာရ နှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း အပါအဝင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ တရားဝင် အစီရင်ခံစာ ထုတ်ပြန်သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်အသီးသီး၏ တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၉ ရက်နေ့ အထိ စစ်တပ်အရာရှိ ၃၁၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ စစ်အရာရှိ ၁၂၇ […]
ကွဲပလေ့စေ မောင်မထုတ်နဲ့
အသက် (၁၈) နှစ်အရွယ် ချောမောလှပ ၊ တောင့်တင်းဖြူဝင်းသော မိန်းကလေး တစ်ယောက် ဗင်ကားအဖြူလေး၏ ကားတံခါးကို ဆွဲဖွင့်၍ ကူရှင်ပေါ် တင်ပါးလွှဲ ထိုင်ချလိုက်ပြီး ခြေထောက်လေးနှစ်ချောင်းကို ဆွဲ၍ တင်လိုက်သည်..။ ပေါင်လည်လောက်နီးနီးသို့ပင် တိုကပ်နေသော စကပ်တိုလေးအနားက ဝဲခနဲ လန်တက်သွားသည်..။ “ ကောင်မလေး……အတော်လှလာတာပဲ…….” ဒရိုင်ဘာခုံတွင် ထိုင်နေသော ကိုကျော်စိန်က နွယ်နီလှိုင်ကို ကြည့်ရင်း စိတ်ထဲမှ မှတ်ချက်ချလိုက်မိသည်..။ သူမ ကားတံခါးကို ဂျိုင်းခနဲ ဆွဲပိတ်လိုက်တော့မှ ကိုကျော်စိန်၏ အကြည့်က သူမထံမှ လွှဲ၍ ရှေ့တူရူသို့ လှည့်လိုက်သည်…။ “ မောင်းတော့…..ဦးလေး………” “ ဘယ်ကို ဝင်ဦးမလဲ…. နွယ်နီ …” “ အင်း…..မရှိတော့ပါဘူး.. အိမ်ကိုပဲ ပြန်တာပေါ့……” နွယ်နီလှိုင် စဉ်းစဉ်းစားစားနှင့် တွေးတွေးဆဆလေး […]
မဖြစ်နိုင်ပါဘူး ကိုကြီးရယ်
မိုးလင်း ကတည်းက အသဲအသန် ရွာသွန်းနေသော ကိုရွှေမိုးက ညနေရောက်မှာသာ လုံးလုံးတိတ်သွားတော့သည်။ ဇွဲကိုက ဆိုင်ရှေ့မှာ ပစ္စည်းလေးတွေ ပြန်ခင်းရင်း ဈေးဝယ်သူ အလာကိုသာ ထိုင်စောင့်နေမိတော့သည်။ မိန်းမက ဆိုင်အတွင်းက စက်ချုပ်ရင်း ညည်းသံသဲ့သဲ့ကို ကြားမိတော့ ပြုံးမိပြန်သည်။ ကျွန်တော့်နာမည်က ဇွဲကို ပါ။ အမျိုးသမီး နာမည်က မိုးမြင့်သူ ပါ။ ကျွန်တော်က စက်ရုံတစ်ရုံမှာ စာရေးလုပ်တယ်။ သူကတော့ အရင်က အထည်ချုပ်စက်ရုံလုပ်ရင်း ကျွန်တော်နဲ့ ညားပြီးတော့ စက်ချုပ်သင်တန်းလေးတက်ကာ ဆိုင်လေးဖွင့်လိုက်တာ မထင်မှတ်ပဲ အဆင်ပြေသွားတော့ ဆိုင်လေးကို တိုးချဲ့ စက်ချုပ်ပစ္စည်း (အပို) လေးတွေပါ ရောင်းဖြစ်ခဲ့တယ်။ အိမ်ထောင်ကျတာ နှစ်နှစ်ကျော် သုံးနှစ်နီးပါးသာ ဖြစ်လာခဲ့တယ် ကလေးတော့ မယူရသေးဘူး။ စီးပွားရှာကောင်းနေတုန်းမို့လည်း ပါတာပေါ့ဗျာ၊၊ ဟိုတွေးဒီတွေး တွေးနေရင်း […]
တဲပြိုပါစေ
ကိုထွန်းလူတစ်ယောက် လက်ကျန်အရက်ခွက်လေးကိုမော့သောက်လိုက်သည်။ အနောက်တောင်ဖျားဆီမှ မိုးတို့က ညို့တက်လာတာကို သတိထားမိလိုက်တော့နွားစာမြန်မြန်စဉ်းဖို့တွေးရင်း နွားစာတဲဘက်ထွက်လာခဲ့သည်။ ပြောင်းရိုးများကို အပေါက်ထဲထိုးလိုက် ခြေထောက်တဘက်က ဓားသွားရှိသည့် ခြေနင်းခုံကို ဖိနင်းလိုက်လုပ်ပေးနေရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ စိမ့်ကနဲတိုက်ခတ်လိုက်သည့် လေအေးအေးအေးကြောင့် မကြာခင် မိုးရွာတော့မည်ဟု ခန့်မှန်းကာ ပြောင်းရိုးများရိတ်နေခြင်းကို လက်စသတ်လိုက်သည်။ နေလည်းဝင်စပြုချိန် အနောက်ဘက်မှ ညိုမဲနေသည့် မိုးသားတို့ တလိမ့်လိမ့်ဖြင့် တက်လာကာ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ဖုံးစပြုလာသည်။ “ဂျိမ်း….ဒိန်း…ဒလိမ်း….” “ဝေါ…..” ညာသံပေးကာ ရွာချလိုက်သော မိုးစက်တို့ကို မော့ကြည့်ရင်း ထွန်းလူ နွားစာတဲပေါ် အပြေးအလွှား တက်လိုက်သည်။ အိမ်ရှေ့နှင့် နွားစာတဲက ပေငါးဆယ်လောက် ကွာဝေးသည်။ နွားစာတဲရဲ့ အနောက်ဘက်မှာတော့ လယ်ကွင်းတွေပဲ ရှိသည်။ ထွန်းလူတစ်ယောက် အိမ်ရှေ့သွားဖို့ စိတ်မကူးတော့ပဲ နွားစာတဲပေါ် အရန်သင့် တင်ထားသော တောအရက်ပုလင်းကို […]
၂၀၂၅ ခုနှစ် ၇ရက်သားသမီးများအတွက် တစ်နှစ်စာဟောစာတမ်း
( 2 0 2 5 ) ခု နှစ် အ တွ က် ” စနေ သား ၊ သ မီး များ ” (၁)နှစ်တာ ဟောစာတမ်း (2 0 2 5) ခုနှစ် အတွက် ” သောကြာ ” သားသမီးများ (တစ်နှစ်တာ ဟောစာတမ်း) ( 2 0 2 5 ) ခုနှစ်အတွက် ” ကြာသပတေး ” သားသမီးများ (တစ်နှစ်တာ ဟောစာတမ်း) ( 2 0 2 5 ) ခု နှစ် […]