သပြေပန်းရဲ့ သတိထားစရာနေ့နံများ – သပြေပန်းဟာ အောင်ပန်းဆိုပေမယ့်လည်း
အကျိုးပြုတဲ့နေ့ အကျိုးမပြုတဲ့ နေ့သားသမီးတွေတော့ရှိပါတယ်။
တနင်္ဂနွေ
တနင်္လာ
သားသမီးတွေအတွက်တော့သပြေညွှန်ဟာ အလွန်လိုက်ဖက်၊အကျိုးပေး ၊ကံပွင့် ၊လာဘ်ရွှင်တဲ့ပန်းဖြစ်ပါတယ်။
ဘာကြောင့်လဲဆို တနင်္ဂနွေသားသမီး များအတွက် ‘သ’ သောကြာဟာ “ဆပွတ်” ”ပြေ” ကြာသပတေး ”ပဉ္စပွတ် ” ဖြစ်လို့ ကောင်းသလို တနင်္ဂနွေ နဲ့ သောကြာ ဟာ ”ဥသာ”အတွင်း မိတ် ၊ ကြာသပတေးနဲ့ “”အောင်ပ” အပြင်မိတ်စတဲ့ မိတ်နှစ်ချက်လည်း မိနေတာက တစ်ချက်
တနင်္ဂနွေသားသမီးများအတွက် သပြေဟာအောင်ပန်းဖြစ်လို့ ရာသက်ပန် အောင်အိုးထဲမှာ သပြေညွှန်ထည့်လှူ နေအိမ် အလုပ်တွေမှာ ထားခြင်းဖြင့် ကောင်းကျိုးများစွာကိုရယူနိူင်ပါတယ်။
ထိုအတူ တနင်္လာသားသမီးများအတွက်ကြတော့ သပြေ ဆိုတဲ့ သောကြာအစ ၊ ကြာသပတေးအဆုံး နံက ”ပင်ယ ဆိုတဲ့ မိတ်ဂြိုဟ် အပြင်န၀င်း” ကိန်း
မိနေတဲ့ အတွက် –
”သာစည် ပန်းယ သူရဇ္ဇ နေထကောင်းကြွယ်ရန်”
လင်္ကာကဲ့သို့လို သပြေ ညွှန် ဟာ တနင်္လာနေ့သား သမီးတွေအတွက် ကောင်းစားကြွယ်၀တတ်တာမို့ ရာသက်ပန် တနင်္လာသားသမီးများဟာနေအိမ် အလုပ်ပန်းအိုး တို့တွင် သပြေ ထိုးသင့်တာဖြစ်ပါတယ်။
သပြေထိုးရန်နှင့် အသစ်ပန်းလဲလိုပါက မွေးနေ့နံနက် (၆) နာရီမှ (၇) ခွဲ အတွင်းကပ်လှူပါက ပို၍အကျိုးများစေပါတယ်။
အင်္ဂါသားသမီးများအတွက်ကြတော့ သပြေညွှန့်ဟာ
”တြိ စတု နင်းကြမ်းပြု
“ပူသွပ် သေဖွယ် ”
ကိန်းမိနေလို့ ရာသက်ပန်သပြေပန်းကို အသုံးပြုရန်မသင့်ဘူးလို့တွေ့ရပါတယ်။
ကျန်နေသားသမီးများအတွက်တော့ သပြေဟာ ပြဿနာမရှိလှပါဘူး။သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများအားအမြဲရိုသေ ရှစ်ခိုးဦးခိုက်လျက်ပါ
ဆရာဒေဝမင်းထက် ဗေဒင်နှင့်ယတြာ