(၈) နှစ်လောက် ခံစားခဲ့ရတဲ့ ဒူးနာရောဂါ ကို (၅)ရက်လောက် ကုလိုက်တာ သက်သာပျောက်ကင်းသွားတဲ့ ဆိုတဲ့ ကိုယ်တွေ့ ဒူးနာပျောက် ဆေးနည်း
ဒူးနာ
မင်္ဂလာပါရှင် လက်တွေ့လေးမို့ မျှဝေပါတယ်။ အဆင်ပြေမယ်ထင်ပါတယ်။ အမေက ခုထိ ဒူးနာတာ ၈ နှစ်ပါ။
အင်္ဂလိပ် မြန်မာ ဆေးနည်းလည်းစုံနေတာပါ။ ပြောသမျှ ပျောက်နိုး ကောင်းနိုးရာရ လိုက်သုံးတာလည်းကြာ ခုထိလည်း မသက်သာ။
အခုတော့ ညစဉ် ဆေးစည်းပြီး အိပ်တာ ၅ ရက်မှာ အတော်ကိုသိသာပြီး သက်သာလာပါတယ်။
ငွေလည်းမကုန် ဘေးထွက်လည်း မရှိတာမို့ ဘာကြောင့်နာနာ စမ်းသုံးကြည့်ပါလို့။
ဆေးနည်းကတော့ လက်ဖက်အသားအစိုနဲ့ ကျောက်ချဉ်ခဲကို ဆတူထောင်းပြီး နာနေတဲ့ ဒူးဂေါင်းမှာ စည်းပေးထားလိုက်ပါ။
မနက်မှာ ပြန်ခွာ နောက်ညမှာ စည်းအိပ်ရုံလေးပါဘဲ။ ဝေဒနာရှင်များ သက်သာပျောက်ကင်းကြပါစေလို့။
source: မူရင်းရေးသားသူ