Trend

ပြည်သူများကို လေကြောင်းတိုက်ခိုက်မှု ရပ်ပေးရန် သုံ့ပန်းဖြစ်နေသည့် နပခ တိုင်းဦးစီးချုပ် တောင်းဆို

ရပ်ရွာများကို လေတပ်ဗုံးကြဲမှု ရပ်ပေးရန် နေပြည်တော်မှ စစ်ခေါင်းဆောင်များကို တောင်းဆိုကြောင်း AA တပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံထားရသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ပြောလိုက်သည်။ “ပြည်သူလူထုကို ဗုံးကြဲနေတာတွေ၊ အကြမ်းဖက်တာတွေ ရပ်တန့်ပေးပါ။ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် တပ်မိသားစုတွေ ပြည်သူတွေရဲ့ အမုန်းတရားတွေ ၊ နာကျည်းမှုတွေကိုပဲ မျိုးဆက်လိုက် ရရှိခံစားရလိမ့်မယ်ဆိုတာကို သိစေချင်ပါတယ်” ဟု ၎င်းက အာရက္ခတပ်တော်၏ ဒီဇင်ဘာ ၂၆ ရက်နေ့ထုတ် ဝါဒဖြန့်ရုပ်သံတွင် ပြောဆိုထားသည်။ ရုပ်သံတွင် တိုင်းဦးစီးချုပ်ကို မျက်နှာမသာမယာနှင့် တွေ့ရသည်။ ထိုသို့ ပြောဆိုရန် သူ့ကို အကြပ်ကိုင်၊ ခြိမ်းခြောက်ထားခြင်း ရှိမရှိ မသိရပေ။ ရခိုင်ဒေသသို့ စစ်ကူရောက်လာရန် ခက်ခဲသည်ကို သိရှိပြီးဖြစ်သည်၊ စစ်သားများ အမြန်ဆုံး လက်နက်ချသင့်သည်ဟုလည်း သူက […]

Trend

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ သစ်အဖြစ် ဗိုလ်ချုပ်ကြီး မောင်မောင်အေး တာဝန်ပြောင်းလဲယူလိုက်ပြီး စစ်မှုထမ်းဆင့်ခေါ်ရေး ယခင်ထက် ပိုမို ကြမ်းတမ်းစွာ ကိုင်တွယ်မည်ဖြစ်၍ ပေါ်တာဆွဲမှုဖမ်းဆီးများ အခြေအနေ ဆိုးလာနိုင်ဟု သတိပေး

ဒီဇင်ဘာ ၂၆ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ သစ်အဖြစ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကိုင်တွယ်နေရာကနေ ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စတင်တာဝန်ပြောင်းလဲယူနေပြီး စစ်မှုထမ်းဆင့်ခေါ်ရေးမှာ အရင်ထက် ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်လာဖို့ရှိနေတယ်လို့ နေပြည်တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အကြမ်းဖက် မင်းအောင်လှိုင်က ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ညှိ/ကွပ်ရာထူးကနေ ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အဖွဲ့ဝင် ၁၈ ဦးပါတဲ့ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ရဲ့ ဥက္ကဋ္ဌ သစ်အဖြစ် ကာကွယ်ရေးဝန်ကြီးဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တာဝန်ယူနေပြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းထက် ပိုပြီး သဘောထားတင်းမာတဲ့အပြင် စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စတွေမှာ ငွေကြေးယူ လူစားထိုးတာတွေ မလုပ်စေဖို့နဲ့ တပ်သားသစ်အရေအတွက် […]

Trend

မန္တလေး၊ နဂါးနန်းတော် ရွှေဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွား၊ စစ်တပ်နှင့်ရဲက ပိတ်ဆို့စစ်ဆေးမှုများလုပ်နေ

ဒီဇင်ဘာ ၂၆ မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်ရှိ နဂါးနန်းတော် ရွှေဆိုင်ကို ဆိုင်ဖွင့်ချိန် လူ ၂ ဦးက လက်နက်များကိုင်ဆောင် ဓားပြတိုက်သွားပြီး သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွားကြောင်း မန္တလေးမြို့ သတင်းရင်းမြစ်နှင့် ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နံနက် ၈ နာရီ ၄၇ မိနစ်ဝန်းကျင်အချိန် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၇၇လမ်း၊ ၃၁×၃၂လမ်း အကြား “နဂါးနန်းတော်”ရွှေဆိုင်သို့ လက်နက်ကိုင်ဆောင်ထားသော လူ ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက် ဓားပြတိုက်သွားခြင်းဖြစ်ပြီး သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွားကြောင်း သိရှိရသည်။ “ဆိုင်ဖွင့်စအချိန်မှာ ဝင်တိုက်တာ။ လူကလည်း လမ်းမှာပါးနေတဲ့အချိန် သေနတ်နဲ့ ဝင်တိုက်သွားတာ။ အခုတော့ လမ်းတွေ ပိတ်ပြီး […]

Trend

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော် ဟောင်စုဘ၀” အွန်လိုင်း ဇတ်လမ်းကို သရုပ် ဆောင် ရိုက်ကူးသူ ဖြူဖြူထွေး အပြင်းအထန် ဝေဖန်ခံရ၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး သိက္ခာချတိုက်ခိုက်မှု အဖြစ် ပြည်သူများက ရှုမြင်

ဒီဇင်ဘာ ၂၅ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံစံ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဘ၀” အွန်လိုင်းဇတ်လမ်းကို သရုပ်ဆောင် ရိုက်ကူး ထုတ်လုပ်သူ ဖြူဖြူထွေးကို ပြည်သူများက အပြင်းအထန် ဝေဖန်လျက်ရှိပြီး စစ်တပ်၏ ထောင်သွင်းအကျဉ်းချခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုအဖြစ် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ ဖြူဖြူထွေးက ဒေါ်အောင်ဆန်းစုကြည်ပုံစံ ပုဝါခြုံ၊ ပန်းပန် ဝတ်စားဆင်ယင်ပြီး “မယ်တော်ဟောင်စု” အမည်ဖြင့် ပရုတ်ဆီဖြင့် မည်သည့်ရောဂါမဆိုပျောက်စေနိုင်သော ဆေးဆရာအဖြစ် သရုပ်ဆောင်ထားခြင်းဖြစ်ပြီး အဆိုပါ ဇတ်လမ်းတွင် မယ်တော်ဟောင်စုက အမြှောက် ကြိုက်၊ အချော့ကြိုက်၊ ပရုတ်ဆီဖြင့် ဆေးလိမ်ကုသသူ၊ အခြွေအရံများဖြင့် သွားလာသူအဖြစ် ပုံဖော် ရိုက်ကူးထားခြင်းဖြစ်သည်။ ၁၅ မိနစ်ဝန်းကျင်ကြာမြင့်သော “မယ်တော်ဟောင်စု” ဇတ်လမ်းသည် ပရုတ်ဆီကြော်ငြာသော ဇတ်လမ်းဖြစ်သည်ဟု […]

Trend

အမြန်လမ်း​ပေါ်မှာ မကြာခင်တိုက်ပွဲ​တွေ ​ဖော်​ဆောင်​တော့မယ်လို့ နွားထိုးကြီး PDF ပြည်သူ​တွေကိုသတင်းစကားပါး

People’s Spring ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာမကြာခင် တိုက်ပွဲတွေ​ဖော်​ဆောင်​တော့မှာဖြစ်လို့ ပြည်သူတွေ မလိုအပ်ဘဲ ခရီးမသွားကြဖို့ နွားထိုးကြီး PDFက သတိပေးခဲ့ပါတယ်။   ဒီကနေ့ (ဒီဇင်ဘာ ၂၃ ရက်) မနက် ၁၀ နာရီခွဲခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၊ မိုင်တိုင်(၃၁၈)မှာ Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းက​နေ ခရီးသွားကားတွေကို စစ်ဆေးမှုတွေနဲ့ လုံခြုံ​ရေးအသိပညာပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ “တိုက်ပွဲ​တွေက မကြာခင်ဒီလမ်းမ​ပေါ်မှာ​ဖော်​ဆောင်မှု​တွေလာ​တောမှာပါ။ဖြစ်နိုင်ရင်​တော့ မလိုအပ်ရင် အပြင်မထွက်​စေချင်ဘူး။အ​ရေးကြီးလုံးဝ ရှိမှသွားပါ။လုံခြုံ​အောင်​နေကြပါ”လို့ နွားထိုးကြီး PDF က တာဝန်ရှိသူက အမြန်လမ်းမှာ ခရီးသည်​တွေ နဲ့​တွေ့ဆုံစဥ်ပြောခဲ့ပါတယ် ။ ပြည်သူများအနေနဲ့ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်ကို မလိုအပ်ဘဲ ခရီးမသွားကြဖို့၊ ည အချိန်မတော် […]

Trend

ဒီအတိုင်းဆို မျှော်လင့်နေကြတဲ့ ကုန်စျေးနှုန်းတွေကျလာတော့မယ်

KIA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ နယ်စပ်ဂိတ်ကို တရားဝင် ပြန်လည် ဖွင့်လှစ်ပြီး ကုန်ကားများ စတင်ဝင်ထွက်၊ စစ်ကောင်စီ အသုံးပြုခဲ့သော ဝါစိမ်းနီအလံနှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တံ ဆိပ်၊ စာသားမျာ အားလုံး ဖယ်ရှားထား ဒီဇင်ဘာ ၁၆ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ရှိ တရုတ်-မြန်မာနယ် နယ် စပ် ဂိတ်ကို တရုတ်နှင့် KIA နှစ်ဖက်စလုံးက ပြန်လည်ဖွင့်လှစ်လိုက်ပြီး ကုန် ကားများ စတင်ဝင်ထွက်နေပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အဆိုပါ လွယ်ဂျယ်မြို့ တရုတ်-မြန်မာနယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပြီး နှစ်ဖက်စလုံး အတား အဆီးများကို ဖယ်ရှားလိုက်ကြောင်း၊ လက်ရှိတွင် […]

Trend

စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခဲ့သော တောင်ကိုရီးယားသမ္မတကို လွှတ် တော်က အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ထောက်ခံမဲ အများစုဖြင့် သမ္မတရာထူးမှ ဖြုတ်ချ

ဒီဇင်ဘ ၁၄ ရက် တောင်ကိုရီးယားတွင် စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခဲ့သော သမ္မတ Yoon Suk Yeol ကို လွှတ်တော်က အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ထောက်ခံမဲ အများစုဖြင့် သမ္မတရာထူးတာဝန်မှ ဖြုတ်ချနိုင်ပြီဖြစ်ကြောင်း တောင်ကိုရီးယားမှလာသော သတင်းများအရ သိရှိရသည်။ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ တောင်ကိုရီးယားပါလီမန်တွင် သမ္မတ အပေါ် အယုံအကြည်မရှိ အဆိုကို တင်သွင်းပြီး မဲခွဲဆုံးဖြတ်ရာ လွှတ်‌‌တော်အမတ် ၃၀၀ ဦး အနက်မှ ထောက်ခံမဲ ၂၀၄ မဲ၊ ကန့်ကွက်မဲ ၈၅ ၊ ကြားနေမဲ ၃ မဲ၊ ပယ်မဲ ၈ မဲဖြင့် တောင်ကိုရီးယားသမ္မတကို ဖြုတ်ချရေး အဆိုအောင်မြင်စွာဖြင့် အတည်ပြုလိုက်ပြီဖြစ်သည်။ သမ္မတ Yoon […]

Trend

ထိုင်းနိုင်ငံ၊ တာ့ခရိုင်ရှိ မြန်မာနှင့်ကရင်တိုင်းရင်းသားအများအပြား နေထိုင်သော အုန်းဖျန်တွင် ဖျော်ဖြေပွဲ လုပ်နေစဉ် ဗုံးဖြင့် ဖောက်ခွဲခံရပြီး ၃ ဦးသေဆုံးကာ ၃၀ ကျော်ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ တာ့ခရိုင်ရှိ မြန်မာနှင့်ကရင်တိုင်းရင်းသားအများအပြား နေထိုင်သော အုန်းဖျန်တွင် ဖျော်ဖြေပွဲ လုပ်နေစဉ် ဗုံးဖြင့် ဖောက်ခွဲခံရပြီး ၃ ဦးသေဆုံးကာ ၃၀ ကျော်ဒဏ်ရာရ ၊ ထိုင်းဝန်ကြီးချုပ်က ဗုံးဖောက်သူကို ဖော်ထုတ်ဖမ်းဆီးရန် ညွှန်ကြား ဒီဇင်ဘာ ၁၄ ထိုင်းနိုင်ငံ၊ တာ့ခရိုင်ရှိ မြန်မာနိုင်ငံသားများ နှင့်ကရင်တိုင်းရင်းသား အများအပြား နေထိုင်သော အုန်းဖျန်မြို့တွင် ဖျော်ဖြေပွဲ လုပ်နေစဉ် ဗုံးဖြင့် ဖောက်ခွဲခံရပြီး ၃ ဦးသေဆုံးကာ ၃၉ ဒဏ်ရာရှိကြောင်း ထိုင်းအခြေစိုက် သတင်းမီဒီယာများက ဖော်ပြထားသည်။ ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ ထိုင်းစံတော်ချိန် ည ၁၁ နာရီ ၃၀ မိနစ်အချိန် တာ့ခရိုင် ၊ အုန်းဖျန်မြို့၊ လေဆိပ်အဟောင်းကွင်းပြင်တွင် အကဖျော်ဖြေပွဲပြုလုပ်နေစဉ် ဗုံးဖြင့် ပစ်ပေါက်မှုဖြစ်ပွားခဲ့ပြီး […]