Trend

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ဗုံးခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ဇန်နဝါရီ ၁ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ပျဥ်းမနားမြို့နယ်၊ အဟာရသုခစျေးနှင့် ဘောဂသီရိကားကြီးကွင်း အကြား ကင်ပွန်းတန်းကျေးရွာမြောက်ဘက်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းငယ်တစ်ခုကို တော်လှန်ရေး တပ်ဖွဲ့များက ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။ “ထိခိုက်မှု ရှိပါတယ်။ သေဆုံးမှု ရှိမရှိတော့ အတည်မပြုနိုင်သေးပါ။ ထပ်မံ […]

Trend

စစ်ကိုင်းနဲ့ ထိစပ် မြို့၊ရွာတွေကို သိမ်းပိုက်ထားတဲ့ MDY-PDF က စစ်ကိုင်းတပ်မဟာ ဖွဲ့စည်း

စစ်ကိုင်း – မန္တလေး ချိတ်ပြီး စစ်အုပ်စု အရှိုက်ထိစေမယ့် စစ်ဆင်ရေးကြီးတွေ ဖော်ဆောင်မယ်လို့ ကြေညာ၊ MDY-PDF တပ်မဟာသစ်က စစ်ကိုင်းအတွက် အားဖြစ်စေနိုင်ဟု သုံးသပ်၊ ဇန်နဝါရီ – ၁ ရက် စစ်ကိုင်းတိုင်းနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ မြို့၊ရွာတွေကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF က ယခု ၂၀၂၅ နှစ်ဆန်းမှာ တပ်မဟာတစ်ခု အသစ်တိုးချဲ့ ဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိမြင့်မယ်လို့ ဒီဇင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂နဲ့အတူ ဟန်ချက်ညီ စစ်ဆင်ရေးဖြစ်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးကို ဖော်ဆောင်ပြီး စဉ့်ကူးမြို့နယ် တစ်နယ်လုံး အပါအဝင် သပိတ်ကျင်းနဲ့ […]

Trend

၂၀၂၅ ခုနှစ်တွင် ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း အားလုံးကို သိမ်းပိုက်မည်ဟု KNDF ဥက္ကဋ္ဌ ခွန်းဘီထူး ပြောဆို

ဇန်နဝါရီ ၁၂၀၂၅ ခုနှစ်တွင် ကရင်နီပြည်နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောဆိုလိုက်သည်။နှစ်သစ်တိုင်းတွင် သန္နိဌာန်အသီးသီးချမှတ်ခဲ့ရာ မပြီးဆုံးသေးသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ၊ ယိုင်နဲ့နေသော်လည်း မပြိုလဲသေးသည့် စစ်အာဏာရှင်ကို အမြန်ဆုံး ပြိုလဲသွားစေရန် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်ကို ပြန်ကြည့်ပါက တော်လှန်ရေးတပ်ဖွဲ့များ ပိုမို စည်းလုံးမှုရှိပြီး သင်ခန်းစာများရရှိခဲ့ကြောင်း ၊ KNDF အနေဖြင့် ၁၁၁၁ စစ်ဆင်ရေးနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးကို ပါဝင်ခဲ့ကြောင်း အသိပေးထားသည်။ယခုနွေရာသီ ကာလတွင် စစ်ကောင်စီတပ်က အတင်းအဓမ္မ စစ်သားစုဆောင်းကာ ထိုးစစ်ဆင်နေသော်လည်း တိုးတက်အောင်မြင်မှုမရှိသည်ကို တွေ့ရှိရပြီး ကရင်နီပြည်နယ်တွင် စစ်မှုထမ်းတပ်သားသစ် ၅၀ ခန့် […]

Trend

ဗိုလ်မှုးချုပ်သူရိန်ထွန်းအား Vcall ဖြင့် သတင်းပေးပို့မှုဖြင့် မောင်တောမြို့၆ မိုင်ဘုန်းကြီး ဖမ်းဆီးထိန်းသိမ်းခံထားရ

မောင်တောမြို့အမှတ် (၅)နယ်ခြားစောင့်ရဲတပ်ရင်းနခခ(၅)အားနေထိုင်ကွပ်ကဲခဲ့သူ ဖမ်းဆီးခံထားရသည့်ဗိုလ်မှူးချုပ်သူရိန်ထွန်းအားသတင်းအချက်အလက်မျိုးစုံပေးခဲ့သည့် မောင်တော၆ မိုင်ဘုန်းကြီးအားအာရက္ခတပ်တော်(AA)က ဖမ်းဆီး ထိန်းသိမ်းထားကြောင်းသတင်းရရှိသည်။ “ကျွန်တော်တို့သိရသလောက်ကဗိုလ်ချုပ်သူရိန်ထွန်းကို AAကဖမ်းဆီးစစ်ဆေးတွေရှိချက်မှာ မောင်တောက ၆ မိုင်ဆရာတော် နဲ့ပြေားဆိုထားတဲ့Vcall ပြောဆိုချက်‌တွေ နဲ့ သတင်းအချက်အလက်များစွာပို့ထားတဲ့ မှတ်တမ်းတွေတွေ့ရတယ်လို့သိရတယ်။ နခခ(၄)၊  အောင်မဂ်လာ၊ ဖားဝပ်ချောင်း စတဲ့ နေရာတွေကို လည်းဂျက်နဲ့ဗုံးကြဲနိုင်ဖို့ ၆ မိုင်ဘုန်းကြီးက ညွှန်ကြားခဲ့တယ်လို့သိရတယ်”ဟုပြောဆိုသည်။ အဆိုပါ ဗုံးကြဲမှုဖြစ်စဉ်တွင် လူသေဆုံးမှုများလည်း ရှိခဲ့သည်။ ထိုသို့ပြစ်မူများကျူးလွန်ထားသည်ဟု စွပ်စွဲခံထားရသည့် ၆ မိုင်ဆရာတော်မှာ မောင်တော တောင်ပိုင်းနဲ့ မြောက်ပိုင်းရှိ ဘုန်းကြီး ကျောင်းများ၌တစ်နေ့တစ်ကျောင်းကျ ညအိပ်ပုန်းရှောင်နေခဲ့ရာ ကျောက်ပန္ဒူဘုန်းကြီးကျောင်း၌ ပြီးခဲ့သည့် ရက်တစ်ပတ်အတွင်း၌ အာရက္ခတပ်တော် AA မှလက်ရ ဖမ်းဆီးနိုင်ခဲ့သည်ဟု၎င်းကပြောသည်။ ဗိုလ်မူးချုပ်သူရိန်ထွန်းအား သတင်းအချက်အလက်များပေးပို့နေမူကြောင်း ဖမ်းဆီးခံထားရသည့် ‌၆ မိုင်ဆရာတော်မှာ မောင်တောမြို့အမှတ်(၁)ရပ်ကွက်အလယ်ရွာ ဇာတိနေ ကိုယ်တော် […]

Trend

၂၀၂၅တွင် စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်ဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်တိုးမြှင့်သွားမည်ဟု မန္တလေး PDF အသိပေး

စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိဟုဆို People’s Spring လာမည့် ၂၀၂၅တွင် စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယနေ့ (ဒီဇင်ဘာ ၃၀ရက်) ထုတ်ပြန်သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တစ်စိုက်မတ်မတ် တိုက်ပွဲဝင်နေသော တပ်ဖွဲ့ဖြစ်ကြောင်း၊ ၂၀၂၄တစ်နှစ်တာအတွင်း စစ်ကောင်စီအား အထိနာစေသည့် စစ်ဆင်ရေးကြီးများကို မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စဉ်ဆက်မပြတ်ဖော်ဆောင်ခဲ့ပြီး ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိခဲ့ကြောင်း အသိပေးသည်။ ထို့ကြောင့် လာမည့် ၂၀၂၅တွင် စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။ မန္တလေး PDF၏ စစ်ကိုင်း တပ်မဟာတွင် လာရောက်ပူးပေါင်းမည့် […]

Trend

ရန်ကုန်တိုင်းဒေသကြီး၌ နှစ်သစ်ကူးည ဒီဇင်ဘာ ၃၁ ရက်ညမထွက်ရအမိန့်အား တစ်ရက်တာပယ်ဖျက်

ရန်ကုန်တိုင်းဒေသကြီး၌ နှစ်သစ်ကူးည ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၂၅ ခုနှစ်၊ဇန်နဝါရီ ၁ ရက် နံနက် ၃ နာရီထိ ညမထွက်ရအမိန့်အား တစ်ရက်တာပယ်ဖျက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ထို့ကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်သည့် အဆိုပါညမထွက်ရအမိန့်အား ခေတ္တပယ်ဖျက်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ရန်ကုန်မြိုရှိ ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူးပွဲတော်အနေဖြင့် (Count Down Party)ကို ပြုလုပ်ရန် စီစဉ်ထားခြင်းကြောင်း သိရသည်။ အဆိုပါ  နှစ်သစ်ကူးပွဲတော်တွင် (Count Down Party)တွင် အဆိုတော်များ၏ တေးဂီတဖျော်ဖြေပွဲနှင့် Count Down ရေတွက်ကာ မီးရှုးမီးပန်းများ ပစ်ဖောက်မည်ဖြစ်ကြောင်း သိရသည်။ ပုံစာ – ၂၀၂၃ မှ ၂၀၂၄ ခုနှစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူးညအား […]

Trend

AAက ဂွမြို့ကိုအပြီးသတ်သိမ်းပိုက်

People’s Spring ဂွမြို့မှ စစ်ကောင်စီတပ်၏နောက်ဆုံးလက်ကျန် စခန်းဖြစ်သည့် အမှတ် (၅၆၂) ​ခြေမြန်တပ်ရင်း (ခမရ-၅၆၂)ကို အာရက္ခတပ်‌တော်(AA)က ယ‌နေ့(ဒီဇင်ဘာ ၂၈ ရက်​နေ့)ည‌နေပိုင်း တွင်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြို့ကိုအလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်သည်။ “၅၆၂ ရပြီ။ ဂွကို AA သိမ်းလိုက်ပါပြီ။ ညနေ ၆နာရီမှာ အပြီးသတ်ရတာပါ။ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်ရှင်းနေတယ်။ အခုက မြို့ကိုထိန်းချုပ်လိုက်ပြီ” ဟု AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တဦးကပြောသည်။ ဂွမြို့မှ ခမရ(၅၆၂) နှင့် ခမ(၅၆၃)ကို AAက ဒီဇင်ဘာ လလယ်တွင် ထိုးစစ်ဆင်တိုက်ခိုက်ပြီး ရက် အနည်းငယ်အကြာတွင်ခမရ( ၅၆၃)ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၁၇ နှင့် ၁၈ ရက်နေ့များတွင် စစ်ကောင်စီတပ်မှ ဂွမြို့နယ်အလယ်ရွာနှင့် ဒီဇင်ဘာ လ ၂၁ ရက်နေ့တွင် ခမရ […]

Trend

ရှေ့တန်း စစ်မြေပြင် တိုက်ပွဲများ တွင် သေဆုံးခဲ့ကြသော စစ်မှုထမ်းအပတ်စဉ်သင်တန်းဆင်း တပ်သားသစ်များ၏ ကျန်ရစ်သူ မိသားစုများအတွက် မည်သည့်အကျိုးခံစားခွင့်မှ ပေးရန်မရှိဟု စစ်ကောင်စီက အသိပေး

ဒီဇင်ဘာ ၂၈ ရှေ့တန်းစစ်မြေပြင် တိုက်ပွဲများ တွင် သေဆုံးခဲ့ကြသော စစ်မှုထမ်းအပတ်စဉ် သင်တန်းဆင်း တပ်သားသစ်များ၏ ကျန်ရစ်သူ မိသားစုများအတွက် မည်သည့်အကျိုးခံစားခွင့်မှ ပေးရန်မရှိကြောင်း စစ်ကောင်စီက အသိပေးလာသည်ဟု ကျန်ရစ်သူမိသားစုဝင်တချို့ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး၊ဒလမြို့နယ်၊ညောင်ချောင်း-ချောင်းဦး ကျေးရွာမှ အ သက် ၂၀ ဝန်းကျင်အရွယ် မောင်နေမင်းထက်သည် စစ်မှုထမ်း အပတ်စဉ် ၁ မှ ဖြစ်ပြီး စစ်သင်တန်းဆင်းပြီးနောက် ရခိုင်ရှေ့တန်းစစ်မြေပြင်သို့ အပို့ခံရကာ ဩဂုတ်လ ၃၁ ရက်နေ့ တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း၊ မောင်နေမင်းထက်၏ အလောင်းပြန်မရခဲ့ကြောင်း၊ မိဘများက ဆင်းရဲလွန်းသည့်အတွက် စစ်မှုထမ်းရန် ခေါ်ဆောင်သွားချိန်ကလည်း တားဆီးနိုင်ခဲ့ခြင်းမရှိကြောင်း၊ သေဆုံးသွားချိန်တွင်လည်း သေဆုံးသူ မောင်နေမင်းထက်အတွက် မည်သည့်အကျိုးခံစားခွင့်မှ ပေးရန် မရှိဟု စစ်ကောင်စီက အကြောင်း ကြားလာကြောင်း […]

Trend

ဂွမြို့ တိုက်ပွဲပြင်းထန်နေ (ဂွတိုက်ပွဲအဆုံးအဖြတ် ဧရာ၀တီတိုင်းအနာဂတ်ကြောင့် စစ်ကောင်စီက ကြည်းရေလေသုံးပြီး အပြင်းအထန် ခုခံနေ)

အာရက္ခတပ်တော် (AA)၏ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ဂွမြို့တိုက်ပွဲမှာ နေ့ရော ညပါ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ဂွဒေသခံတစ်ဦးက “တိုက်ပွဲက ပြင်းထန်နေပါတယ်။ ခမရ ၅၆၂ ကို နောက်ကျောဘက်က အေအကေ ဝင်တိုက်ပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတာက ၅၆၂ နဲ့ ၅၆၃ တပ်ရင်းနောက်ကျောဘက်တွေမှာ တိုက်ပွဲတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေပါတယ်”ဟု ပြောသည်။ စစ်ကောင်စီက တောက်လျှောက် လေယာဉ်ဖြင့် ဗုံးလာကြဲနေပြီး အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုရှိသလို တချို့နေရာများတွင် မီးလောင်မှုများဖြစ်ပေါ်နေသည်ဟု ၎င်းက ပြောသည်။ “ ဂွမြို့ရဲစခန်း၊ မီးသတ်၊ မြို့နယ်ထွေအုပ်ရုံးတွေကိုပါ ဗုံးကြဲတိုက်ခိုက်တယ်။ နေအိမ်တွေလည်း ထိတယ်။ အေအေရှိနိုင်တယ်လို့ ထင်တဲ့ နေရာတွေကို ဗုံးကြဲနေတာပါ။ အခု ၅၆၂ တပ်ရင်းအနီးက ရပ်ကွက်အတွင်း နေအိမ်တွေကို […]

General Notes Trend

၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံကြီး၏ ကံကြမ္မာဟောကိန်း (လင်းညှို့တာရာ)

၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံကြီး၏ ကံကြမ္မာဟောကိန်း (လင်းညှို့တာရာ) OR ၁။ အဓိကကျသော နိုင်ငံရေးအကျဉ်းသား အမြောက်အမြားလွတ်မြောက်လာပါလိမ့်မည်။ အချို့သော အကျဉ်းသားများကတော့ လွတ်မြောက်ခါနီးအကျဉ်းထောင်အတွင်းမှာပင် ကွယ်လွန်အနိစ္စရောက်ကြပေလိမ့်မည်။ ၂။ ၂၀၂၅ မှာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ဆောင်ရွက်တာတွေ ရှိလာပါလိမ့်မည်။ ထိုရွေးကောက်ပွဲကြောင့် နိုင်ငံရေးအရ ရှုပ်ထွေးမှုများဖြစ်ပေါ်လာပြီး ထိုရွေးကောက်ပွဲကြောင့်ပဲ ဘက်ကွဲမှုများစွာ ဖြစ်ပေါ်လာလိမ့်မည်။ ၃။ မြန်မာနိုင်ငံ အရှေ့အခြမ်းတွင် အလွန်အမင်းပြင်းထန်သော တောင်ပြိုခြင်း ၊ မြေပြိုခြင်း ၊ ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်တတ်ပြီး ၂၀၂၅ ၏ အကြီးကျယ်ဆုံးသော မြေနဲ့ပတ်သက်သော ကပ်ဘေးကြီး ဖြစ်ပေါ်တတ်ပေသည်။ ၄။ အရင်နှစ်များစွာက စစ်မက်ပြင်းထန်ခဲ့သော နေရာများတွင် စစ်မက်များ ကင်းလွတ်လာပြီး စစ်မဖြစ်ခဲ့သော နေရာများတွင် စစ်ကြီးများစွာ ဖြစ်ပေါ်လာလိမ့်မည်။ ၅။ ကမ္ဘာလုံးဆိုင်ရာ […]