အကြွေး များနေသူများ အကြွေး အမြန်ဆပ်နိုင် အောင် ယတြာ
စီးပွားရေး လုပ်သလောက် အဆင်မပြေ၊ ကျိုးစား သလောက် အရာမထင်သူများလဲ လုပ်နိုင်ပါတယ်။ လုပ်နည်းလေးက မခက်ခဲတာကြောင့် ပြန်လည်မျှဝေခြင်းပါ။
သင်၏ အသက်ကို (၄)ဖြင့် မြှောက်ပါ။ ရသော အရေအတွက် ကို မုန့်လုံးရေပေါ် လုပ်ပါ။ ထိုအထဲမှ မုန့်လုံး ရေပေါ်(၁၀)လုံးကို နံနက်(၁၀)နာရီ တိတိတွင် အိမ်၏ ဘုရားတွင်လှူပါ။ သင်၏ အသက်ကို (၇)ဖြင့်စားပါ။
၁ ကြွင်းလျှင် တနင်္ဂနွေနေ့တွင် ပြု လုပ်ပါ။
၂ ကြွင်း လျှင် တနင်္လာနေ့တွင် ပြုလုပ်ပါ။
၃ ကြွင်းလျှင် အင်္ဂါနေ့ တွင် ပြုလုပ်ပါ။
၄ ကြွင်းလျှင် ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ပါ။
၅ ကြွင်းလျှင် ကြာသပတေးနေ့ တွင် ပြုလုပ်ပါ။
၆ ကြွင်းလျှင် သောကြာတွင် ပြုလုပ်ပါ။
အကြွင်းမရှိဘဲ ပြတ်သွားလျှင် စနေနေ့တွင် ပြုလုပ်ပါ။
(၁၀)လုံးတိတိ ကို မြတ်စွာဘုရားအား ကပ်လှူပြီးလျှင် ပိုသောမုန်လုံးများကို အိမ်နီးနားချင်းများ အားဝေလိုက်ပါ။
ဤယတြာမှာ ကုန်းဘောင်ခေတ် တွင် အသုံးပြုခဲ့သော ရှေးယတြာဖြစ်ပါသည်။
ပြောပြသူ(ဆရာကြီး- မင်းသိင်္ခ)