Trend

အမြန်လမ်း​ပေါ်မှာ မကြာခင်တိုက်ပွဲ​တွေ ​ဖော်​ဆောင်​တော့မယ်လို့ နွားထိုးကြီး PDF ပြည်သူ​တွေကိုသတင်းစကားပါး

People’s Spring

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာမကြာခင် တိုက်ပွဲတွေ​ဖော်​ဆောင်​တော့မှာဖြစ်လို့ ပြည်သူတွေ မလိုအပ်ဘဲ ခရီးမသွားကြဖို့ နွားထိုးကြီး PDFက သတိပေးခဲ့ပါတယ်။

 

ဒီကနေ့ (ဒီဇင်ဘာ ၂၃ ရက်) မနက် ၁၀ နာရီခွဲခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၊ မိုင်တိုင်(၃၁၈)မှာ Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းက​နေ ခရီးသွားကားတွေကို စစ်ဆေးမှုတွေနဲ့ လုံခြုံ​ရေးအသိပညာပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

“တိုက်ပွဲ​တွေက မကြာခင်ဒီလမ်းမ​ပေါ်မှာ​ဖော်​ဆောင်မှု​တွေလာ​တောမှာပါ။ဖြစ်နိုင်ရင်​တော့ မလိုအပ်ရင် အပြင်မထွက်​စေချင်ဘူး။အ​ရေးကြီးလုံးဝ ရှိမှသွားပါ။လုံခြုံ​အောင်​နေကြပါ”လို့ နွားထိုးကြီး PDF က တာဝန်ရှိသူက အမြန်လမ်းမှာ ခရီးသည်​တွေ နဲ့​တွေ့ဆုံစဥ်ပြောခဲ့ပါတယ် ။

ပြည်သူများအနေနဲ့ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်ကို မလိုအပ်ဘဲ ခရီးမသွားကြဖို့၊ ည အချိန်မတော် မထွက်ကြဖို့နဲ့ တိုက်ပွဲနဲ့တိုးရင် ရှေ့ဆက်မမောင်းဘဲ နီးစပ်ရာ လုံခြုံတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ နွားထိုးကြီး PDFက သတိပေးပါတယ်။

ဒါအပြင် အမြန်လမ်းကို ည ၆ နာရီ နဲ့ မနက် ၆ နာရီ အတွင်းအသုံးမပြုကြဖို့ကိုလည်း​ပြောကြားခဲ့ပါတယ် ။

တော်လှန်ရေးကာလ ၄ နှစ်ပြည့်တော့မှာမို့ ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာပြီး တော်လှန်ရေးမှာ ပါဝင်ပေးကြဖို့ နွားထိုးကြီး PDFက မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်ကလည်းရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၊ မိုင်တိုင်(၃၁၉)က စစ်ဆေးရေးဂိတ်ကို နွားထိုးကြီး PDFက တိုက်ခိုက်ခဲ့ပါသေးတယ်။
(ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ်။ ဓာတ်ပုံ-File Video)

Leave a Reply

Your email address will not be published. Required fields are marked *