■ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံမှာ ကူးစက်မှုအလွန်မြန်တဲ့ Human Metapneumovirus (HMPV) ဗိုင်းရပ်စ် အသစ်တစ်မျိုး ပျံ့နှံ့နေတယ်လို့ အိန္ဒိယအခြေစိုက် NDTV World သတင်းမှာ ဇန်နဝါရီ ၂ ရက်နေ့က ဖော်ပြပါတယ်။ ပျံ့နှံ့မှု မြန်ဆန်လွန်းပြီး ဆေးရုံနဲ့ မီးသင်္ဂြုဟ်တဲ့ နေရာတွေမှာ လူတွေပြည့်နေတယ်လို့ လူမှုကွန်ရက်တွေမှာ ဖော်ပြကြပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဗွီဒီယိုတွေမှာလည်း ဆေးရုံတွေမှာ အဲဒီဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ ပြည့်ကျပ်နေတာ တွေ့မြင်ရပါတယ်။ ကလေးဆေးရုံတွေမှာလည်း အဆုတ်ရောင်ရောဂါနဲ့ အခြားအဆုတ်ထိခိုက်တဲ့ ရောဂါဖြစ်ပွားမှုတွေ မြင့်တက်နေတယ်လို့ NDTV World သတင်းမှာ ဖော်ပြပါတယ်။ HMPV ဗိုင်းရပ်စ်ဟာ တုပ်ကွေးနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ဆင်တူတဲ့ လက္ခဏာရှိတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ် ပြန့်ပွားမှု အခြေအနေကို ကျန်းမာရေးအရာရှိတွေက […]
Author: ycchannel
နေပြည်တော်မှာ ရဲဝန်ထမ်းက ဇနီးကျောင်းဆရာမကို သေနတ်နဲ့ပစ်သတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်
ဇန်နဝါရီ ၂ – ၂၀၂၅ , SN (VOM) နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့မှာ မနေ့ ဇန်နဝါရီလ ၁ ရက်နေ့ ညနေပိုင်းက ရဲဝန်ထမ်းတယောက်က ဇနီးဖြစ်သူကို သေနတ်နဲ့ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီဖြစ်စဉ်ဟာ မနေ့ ညနေ ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လင်မယားချင်း စကားများရန်ဖြစ်ရာကနေ လူသတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “ပစ်ခတ်မှုဖြစ်ခဲ့တာ မှန်ပါတယ်။ ကိုယ်တွေလည်း ဒီမနက်ကမှ သိတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဘာပြဿနာကြောင့်ရယ်လို့တော့ တိတိကျကျ မသိရသေးပါဘူး။ သာဝတ္ထိက ဆရာမရဲ့ အမေအိမ်မှာ အခင်းဖြစ်တာ။ ပစ်ခတ်မှုဖြစ်တော့ သေသွားတဲ့ ဆရာမရဲ့ညီမလေးကိုတောင် သေနတ်ရှပ်ထိသွားတယ်ပြောတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ […]
သပြေပန်းရဲ့ သတိထားစရာနေ့နံများ –
သပြေပန်းရဲ့ သတိထားစရာနေ့နံများ – သပြေပန်းဟာ အောင်ပန်းဆိုပေမယ့်လည်းအကျိုးပြုတဲ့နေ့ အကျိုးမပြုတဲ့ နေ့သားသမီးတွေတော့ရှိပါတယ်။ တနင်္ဂနွေတနင်္လာသားသမီးတွေအတွက်တော့သပြေညွှန်ဟာ အလွန်လိုက်ဖက်၊အကျိုးပေး ၊ကံပွင့် ၊လာဘ်ရွှင်တဲ့ပန်းဖြစ်ပါတယ်။ဘာကြောင့်လဲဆို တနင်္ဂနွေသားသမီး များအတွက် ‘သ’ သောကြာဟာ “ဆပွတ်” ”ပြေ” ကြာသပတေး ”ပဉ္စပွတ် ” ဖြစ်လို့ ကောင်းသလို တနင်္ဂနွေ နဲ့ သောကြာ ဟာ ”ဥသာ”အတွင်း မိတ် ၊ ကြာသပတေးနဲ့ “”အောင်ပ” အပြင်မိတ်စတဲ့ မိတ်နှစ်ချက်လည်း မိနေတာက တစ်ချက်တနင်္ဂနွေသားသမီးများအတွက် သပြေဟာအောင်ပန်းဖြစ်လို့ ရာသက်ပန် အောင်အိုးထဲမှာ သပြေညွှန်ထည့်လှူ နေအိမ် အလုပ်တွေမှာ ထားခြင်းဖြင့် ကောင်းကျိုးများစွာကိုရယူနိူင်ပါတယ်။ထိုအတူ တနင်္လာသားသမီးများအတွက်ကြတော့ သပြေ ဆိုတဲ့ သောကြာအစ ၊ ကြာသပတေးအဆုံး နံက ”ပင်ယ ဆိုတဲ့ မိတ်ဂြိုဟ် အပြင်န၀င်း” ကိန်းမိနေတဲ့ […]
(၈) နှစ်လောက် ခံစားခဲ့ရတဲ့ ဒူးနာရောဂါ ကို (၅)ရက်လောက် ကုလိုက်တာ သက်သာပျောက်ကင်းသွားတဲ့ ဆိုတဲ့ ကိုယ်တွေ့ ဒူးနာပျောက် ဆေးနည်း
(၈) နှစ်လောက် ခံစားခဲ့ရတဲ့ ဒူးနာရောဂါ ကို (၅)ရက်လောက် ကုလိုက်တာ သက်သာပျောက်ကင်းသွားတဲ့ ဆိုတဲ့ ကိုယ်တွေ့ ဒူးနာပျောက် ဆေးနည်း ဒူးနာ မင်္ဂလာပါရှင် လက်တွေ့လေးမို့ မျှဝေပါတယ်။ အဆင်ပြေမယ်ထင်ပါတယ်။ အမေက ခုထိ ဒူးနာတာ ၈ နှစ်ပါ။ အင်္ဂလိပ် မြန်မာ ဆေးနည်းလည်းစုံနေတာပါ။ ပြောသမျှ ပျောက်နိုး ကောင်းနိုးရာရ လိုက်သုံးတာလည်းကြာ ခုထိလည်း မသက်သာ။ အခုတော့ ညစဉ် ဆေးစည်းပြီး အိပ်တာ ၅ ရက်မှာ အတော်ကိုသိသာပြီး သက်သာလာပါတယ်။ ငွေလည်းမကုန် ဘေးထွက်လည်း မရှိတာမို့ ဘာကြောင့်နာနာ စမ်းသုံးကြည့်ပါလို့။ ဆေးနည်းကတော့ လက်ဖက်အသားအစိုနဲ့ ကျောက်ချဉ်ခဲကို ဆတူထောင်းပြီး နာနေတဲ့ ဒူးဂေါင်းမှာ စည်းပေးထားလိုက်ပါ။ မနက်မှာ ပြန်ခွာ နောက်ညမှာ စည်းအိပ်ရုံလေးပါဘဲ။ […]
လက်ကြားယို လက္ခဏာပိုင်ရှင်များအတွက်
လက်ကြားယိုသူတွေအတွက် လက္ခဏာအဟော လက္ခဏာပညာ ကျမ်းစာအုပ်တွေ ဖတ်ဖူးသူ၊ ကြားဖူးနားဝ ရှိသူဆိုရင် လက်ကြားယိုတယ်ဆိုတာ သိကြမှာပါ။ လက်ဖဝါးကို စေ့လိုက်လို့မှ လက်ချောင်းလေးတွေ ပူးကပ်မနေဘဲ လက်ချောင်းတွေကြားမှာ လက်ကြားယိုတာ၊ တနည်း ပြောရရင် လက်ချောင်းတွေကြားမှာ ကွာဟနေသူတွေကို “ငွေမမြဲသူ၊ အသုံးအဖြုန်းကြမ်းသူတွေ” အဖြစ် သတ်မှတ်လေ့ ရှိပါတယ်။ အခုပဲ ခင်ဗျားတို့ လက်ဖဝါးကို သက်တောင့်သက်သာလေး ဖြေလျှော့ပြီးတော့ လက်ချောင်းလေးတွေကို စုစည်းကြည့်ပါ။ လက်ချောင်းတွေကြားမှာ လက်ကြားယိုနေတာတွေ ရှိသလား၊ လက်ကြားမယိုဘဲ လက်ကြားလေးတွေ စေ့နေသလား ဆိုတဲ့အပေါ် မူတည်ပြီး အောက်ပါ ဟောချက်တွေကို ဖတ်ကြည့်နိုင်ပါပြီ။ တကယ်လို့ ခင်ဗျားလက်ဖဝါးကြားမှာ ဘယ်လို ယိုပေါက်မှ မရှိဘဲ လက်ချောင်းတွေအချင်းချင်း ပူးကပ်နေမယ် ဆိုရင် ခင်ဗျားဟာ စေ့စပ် သေချာသူ၊ လက်တွေ့သမား၊ ခေါင်းမာသူ၊ […]
“တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၁.၁.၂၀၂၅) မှ (၇.၁.၂၀၂၅) အထိ
“တနင်္ဂနွေ သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၁.၁.၂၀၂၅) မှ (၇.၁.၂၀၂၅) အထိ “စနေ သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၁.၁.၂၀၂၅) မှ (၇.၁.၂၀၂၅) အထိ “သောကြာ သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၁.၁.၂၀၂၅) မှ (၇.၁.၂၀၂၅) အထိ “ကြာသပတေး သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၁.၁.၂၀၂၅) မှ (၇.၁.၂၀၂၅) အထိ “ဗုဒ္ဓဟူး သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၁.၁.၂၀၂၅) မှ (၇.၁.၂၀၂၅) အထိ “အင်္ဂါ သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၁.၁.၂၀၂၅) မှ (၇.၁.၂၀၂၅) အထိ “တနင်္လာ သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၁.၁.၂၀၂၅) မှ (၇.၁.၂၀၂၅) […]
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ဗုံးခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ
ဇန်နဝါရီ ၁ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ပျဥ်းမနားမြို့နယ်၊ အဟာရသုခစျေးနှင့် ဘောဂသီရိကားကြီးကွင်း အကြား ကင်ပွန်းတန်းကျေးရွာမြောက်ဘက်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းငယ်တစ်ခုကို တော်လှန်ရေး တပ်ဖွဲ့များက ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။ “ထိခိုက်မှု ရှိပါတယ်။ သေဆုံးမှု ရှိမရှိတော့ အတည်မပြုနိုင်သေးပါ။ ထပ်မံ […]
စစ်ကိုင်းနဲ့ ထိစပ် မြို့၊ရွာတွေကို သိမ်းပိုက်ထားတဲ့ MDY-PDF က စစ်ကိုင်းတပ်မဟာ ဖွဲ့စည်း
စစ်ကိုင်း – မန္တလေး ချိတ်ပြီး စစ်အုပ်စု အရှိုက်ထိစေမယ့် စစ်ဆင်ရေးကြီးတွေ ဖော်ဆောင်မယ်လို့ ကြေညာ၊ MDY-PDF တပ်မဟာသစ်က စစ်ကိုင်းအတွက် အားဖြစ်စေနိုင်ဟု သုံးသပ်၊ ဇန်နဝါရီ – ၁ ရက် စစ်ကိုင်းတိုင်းနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ မြို့၊ရွာတွေကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF က ယခု ၂၀၂၅ နှစ်ဆန်းမှာ တပ်မဟာတစ်ခု အသစ်တိုးချဲ့ ဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိမြင့်မယ်လို့ ဒီဇင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂နဲ့အတူ ဟန်ချက်ညီ စစ်ဆင်ရေးဖြစ်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးကို ဖော်ဆောင်ပြီး စဉ့်ကူးမြို့နယ် တစ်နယ်လုံး အပါအဝင် သပိတ်ကျင်းနဲ့ […]
၂၀၂၅ ခုနှစ်တွင် ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း အားလုံးကို သိမ်းပိုက်မည်ဟု KNDF ဥက္ကဋ္ဌ ခွန်းဘီထူး ပြောဆို
ဇန်နဝါရီ ၁၂၀၂၅ ခုနှစ်တွင် ကရင်နီပြည်နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောဆိုလိုက်သည်။နှစ်သစ်တိုင်းတွင် သန္နိဌာန်အသီးသီးချမှတ်ခဲ့ရာ မပြီးဆုံးသေးသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ၊ ယိုင်နဲ့နေသော်လည်း မပြိုလဲသေးသည့် စစ်အာဏာရှင်ကို အမြန်ဆုံး ပြိုလဲသွားစေရန် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်ကို ပြန်ကြည့်ပါက တော်လှန်ရေးတပ်ဖွဲ့များ ပိုမို စည်းလုံးမှုရှိပြီး သင်ခန်းစာများရရှိခဲ့ကြောင်း ၊ KNDF အနေဖြင့် ၁၁၁၁ စစ်ဆင်ရေးနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးကို ပါဝင်ခဲ့ကြောင်း အသိပေးထားသည်။ယခုနွေရာသီ ကာလတွင် စစ်ကောင်စီတပ်က အတင်းအဓမ္မ စစ်သားစုဆောင်းကာ ထိုးစစ်ဆင်နေသော်လည်း တိုးတက်အောင်မြင်မှုမရှိသည်ကို တွေ့ရှိရပြီး ကရင်နီပြည်နယ်တွင် စစ်မှုထမ်းတပ်သားသစ် ၅၀ ခန့် […]
ဗိုလ်မှုးချုပ်သူရိန်ထွန်းအား Vcall ဖြင့် သတင်းပေးပို့မှုဖြင့် မောင်တောမြို့၆ မိုင်ဘုန်းကြီး ဖမ်းဆီးထိန်းသိမ်းခံထားရ
မောင်တောမြို့အမှတ် (၅)နယ်ခြားစောင့်ရဲတပ်ရင်းနခခ(၅)အားနေထိုင်ကွပ်ကဲခဲ့သူ ဖမ်းဆီးခံထားရသည့်ဗိုလ်မှူးချုပ်သူရိန်ထွန်းအားသတင်းအချက်အလက်မျိုးစုံပေးခဲ့သည့် မောင်တော၆ မိုင်ဘုန်းကြီးအားအာရက္ခတပ်တော်(AA)က ဖမ်းဆီး ထိန်းသိမ်းထားကြောင်းသတင်းရရှိသည်။ “ကျွန်တော်တို့သိရသလောက်ကဗိုလ်ချုပ်သူရိန်ထွန်းကို AAကဖမ်းဆီးစစ်ဆေးတွေရှိချက်မှာ မောင်တောက ၆ မိုင်ဆရာတော် နဲ့ပြေားဆိုထားတဲ့Vcall ပြောဆိုချက်တွေ နဲ့ သတင်းအချက်အလက်များစွာပို့ထားတဲ့ မှတ်တမ်းတွေတွေ့ရတယ်လို့သိရတယ်။ နခခ(၄)၊ အောင်မဂ်လာ၊ ဖားဝပ်ချောင်း စတဲ့ နေရာတွေကို လည်းဂျက်နဲ့ဗုံးကြဲနိုင်ဖို့ ၆ မိုင်ဘုန်းကြီးက ညွှန်ကြားခဲ့တယ်လို့သိရတယ်”ဟုပြောဆိုသည်။ အဆိုပါ ဗုံးကြဲမှုဖြစ်စဉ်တွင် လူသေဆုံးမှုများလည်း ရှိခဲ့သည်။ ထိုသို့ပြစ်မူများကျူးလွန်ထားသည်ဟု စွပ်စွဲခံထားရသည့် ၆ မိုင်ဆရာတော်မှာ မောင်တော တောင်ပိုင်းနဲ့ မြောက်ပိုင်းရှိ ဘုန်းကြီး ကျောင်းများ၌တစ်နေ့တစ်ကျောင်းကျ ညအိပ်ပုန်းရှောင်နေခဲ့ရာ ကျောက်ပန္ဒူဘုန်းကြီးကျောင်း၌ ပြီးခဲ့သည့် ရက်တစ်ပတ်အတွင်း၌ အာရက္ခတပ်တော် AA မှလက်ရ ဖမ်းဆီးနိုင်ခဲ့သည်ဟု၎င်းကပြောသည်။ ဗိုလ်မူးချုပ်သူရိန်ထွန်းအား သတင်းအချက်အလက်များပေးပို့နေမူကြောင်း ဖမ်းဆီးခံထားရသည့် ၆ မိုင်ဆရာတော်မှာ မောင်တောမြို့အမှတ်(၁)ရပ်ကွက်အလယ်ရွာ ဇာတိနေ ကိုယ်တော် […]