General Notes

ငွေကြေးအခက်အခဲများ အမြန်ဆုံး ပြေလည်စေမည့် ယတြာ

💰ငွေလိုချင်ရင် ငွေဖြစ်ရမယ်💰

ငွေရေးကြေးရေး ကိစ္စနဲ့ ပက်သက်ပြီး အမြဲတမ်း အဆင်ပြေနေချင်သူများ၊ သူတစ်ပါးကို ပေးရမယ့် ကြွေးပူတွေ အမြန်ဆုံး ကြေချင်သူများအတွက် ယတြာအစီအရင်ကောင်းလေးတစ်ခုကို ခုနှစ်နေ့သားသမီးများအတွက် မန္တလေးမြို့မှ
နက္ခတ္တဗေဒ အင်္ဂဝိဇ္ဇာ ပညာရှင် ဆရာကျော်ဝေယံ မှ
စေတနာဖြင့် ရေးသားတင်ပြပေးလိုက်ပါပြီ။ ယုံယုံကြည်ကြည်ဆောင်ရွက်ပါက အကျိုးထူးများရရှိလာမည်မှာ မလွဲဧကန်ပင်…

💢 မုန်တိုင်းကျပြီဆို ခြေထောက်အောက်က သဲတောင်မှ
ခေါင်းပေါ်ရောက်လာတတ်ပါတယ်။ ကံဆိုးမိုးမှောင်ကျပြီဆိုရင်လည်း အခြေအနေတွေအားလုံး ကမောက်ကမနဲ့
ပြောင်းပြန်ဇောက်ထိုးဖြစ်တတ်ပါတယ်။
💢 ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကြိုးစားရုန်းကန်နေတာတောင် အနေစုတ် အခြေစုတ်နဲ့ အဖြေထုတ်မရ ဖြစ်နေသူများ ယခုယတြာကို စမ်းကြည့်ပါလေ…

💢 ယတြာကောင်းရင် မင်းလောင်းဖြစ်သတဲ့…
💢 ဆေးကောင်းတော့တစ်ခွက်၊ အင်းကောင်းတော့ တစ်ကွက်၊ ယတြာကောင်းတော့ တစ်သက်တဲ့…
💢 လှံထမ်းလာတာမြင်ရတယ်၊ ကံထမ်းလာတာ မမြင်ရဘူးတဲ့… ဆိုရိုးစကားများ ရှိပါတယ်…

ဒါပေမဲ့
ကံကို ယုံပြီး ဆူးပုံတော့ မနင်းပါနဲ့။✅
တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်တော့ ဖြစ်ရမည်။✅

ငွေကိုရေလို သုံးပြီး ဇောတိကလို လှူချင်တန်းချင်ရင်တော့ လုပ်ရမယ့် ယတြာလေး ပြောပြပါမယ်။

1# ကြွေပန်းကန်ပြား(ဆေးပြီးသား) တစ်ချပ်ယူပါ

2# အဆိုပါကြွေပန်းကန်ပြားထဲမှာ ထန်းလျက်ခဲ(ထညက်ခဲ) ၁၁ လုံးထည့်ပါ။

3# ထန်းလျက်ခဲတွေရဲ့ အလယ်မှာ သင်္ဘောသီး တစ်လုံးကို ထောင်လိုက် တင်ထားပါ။

➡ပြင်ဆင်ပြီးပြီဆိုရင်တော့ မိမိနေအိမ်ဘုရားစင်က ဘုရားမှာ အောင်သပြေ (၆)ခက်စီကို ညောင်ရေအိုး သုံးအိုးမှာ
ကပ်လှူပါ၊ ရေချမ်း (၉)ခွက် ဘုရားကို ကပ်လှူပါ။ အပေါ်က
ထန်းလျက်ခဲနဲ့ သင်္ဘောသီးတင်ထားတဲ့ ကြွေပန်းကန်ကို ဘုရားမှာ ကပ်လှူပြီး ရတနာသုံးပါးကို ဦးထိပ်ပန်ဆင်ရှိခိုးကန်တော့ပြီး ငွေရေးကြေးရေး ကိစ္စများအားလုံး အဆင်ပြေချောမွေ့စေရန် အဓိဌာန်ပြု ဆုတောင်းပါ။💯

👉 အဲ့ဒါက ဘယ်နေ့သားသမီးမဆို ရက်တစ်ပါတ်အတွင်းမှာ ၄ရက် ပြုလုပ်ရပါမယ်။ တနင်္ဂနွေနေ့ကနေ စ,လုပ်ရပါမယ်။ ၄ရက်လုံး ထန်းလျက်၊ သင်္ဘောသီး၊ ရေချမ်း ၉ခွက် နှင့် အောင်သပြေတို့ကို အသစ် ကပ်လှူပေးရပါမယ်။
(မထူးခြားသေးလျင် နောက်တစ်ပါတ် ဆက်လုပ်ပါ)

🔹တနင်္ဂနွေနေ့မှာဆိုရင် နံနက်(၉း၀၀)နာရီ မှ (၁၂း၀၀)နာရီ အတွင်း
🔸တနင်္လာနေ့မှာဆိုရင် နံနက်(၆း၀၀)နာရီ မှ (၇း၀၀)နာရီ အတွင်း
🔹ဗုဒ္ဓဟူးနေ့မှာဆိုရင် နံနက်(၇း၃၀)နာရီ မှ (၉းဝဝ)နာရီ အတွင်း
🔸သောကြာနေ့မှာဆိုရင် နံနက်(၉၀၀)နာရီ မှ (၁၀း၃၀)နာရီ အတွင်း

💢 ကုသိုလ်ကောင်းမှု အနေနဲ့ကတော့ ခွေး၊ကြောင်၊ခို၊ငါး အစရှိသော တနင်္လာနံ(ငွေနံ) သတ္တဝါများကို တစ်နေ့လျင်
နှစ်ကြိမ် မိမိတတ်နိုင်သလောက် အစာကျွေးမွေးပြီး ဒါနပြုပေးပါ။

(မှတ်ချက်။ ။ဘုရားပုံတော်အား ယတြာပြုလုပ်ရမည့်ပုံကို နားလည်စေရန် နမူနာပြသထားခြင်းမျှ သာဖြစ်ပါသည်။ )

🙏 ခုနှစ်နေ့သားသမီးများအားလုံး အကြံအစည်များအောင်မြင်ကြပြီး ရည်ရွယ်ချက်များပြည့်ဝကြပါစေ….

ဗေဒင်မေးမြန်းလိုလျင် မွေးသက္ကရာဇ်(ခု၊လ၊ရက်) ၊ နံမည်၊ နေ့နံ တို့ကို 09797195317 သို့ ဖုန်းဆက်ပြောကြားပြီး မေးနိုင်ပါသည်။

ဗေဒင်နှင့်ယတြာ ဆရာကျော်ဝေယံ

Leave a Reply

Your email address will not be published. Required fields are marked *